အိမ်ပြာကျပေမယ့် စိတ်ဓါတ်ဘယ်တော့မှ မကျဘူး ( ရုပ်/သံ)

မြေလတ်အသံ၊ ဇန်နဝါရီ ၂၈၊၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ကျောက်ဖြူတိုင်ရွာကို စစ်ကောင်စီတပ်တွေက အခုနှစ် ဇန်နဝါရီလဆန်းကစပြီး ၂ ကြိမ်တိုင်မီးရိူ့ခဲ့ပြီး ကျေးရွာဒေသခံတွေ စားဝတ်နေရေးခက်ခဲနေပါတယ်။  

ကျောက်ဖြူတိုင်ရွာကို ဇန်နဝါရီ ၆ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ပထမအကြိမ်မီးရိူ့ခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့က ဒုတိယအကြိမ်မီးရိူ့ခဲ့ပါတယ်။ ကျောက်ဖြူတိုင်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီးစစ်ကောင်စီတပ်မီးရိူ့မှုကြောင့် အိမ်ခြေ ၉၁ လုံးမီးလောင်ပြာကျခဲ့သလို ကျေးရွာဘုန်းကြီးကျောင်းလည်းမီးရိူ့ခံခဲ့ရပါတယ်။

ကျောက်ဖြူတိုင်ရွာက ဒေသခံအမျိုးသမီးငယ်တဦးကတော့ အိမ်တွေမီးရှို့ခံရချိန်မှာဝမ်းနည်းပူဆွေးမှုရှိခဲ့ပေမယ့် အိမ်တွေသာ ပြာကျနေမယ် တော်လှန်ရေးအတွက်ထားတဲ့ စိတ်ဓါတ်ကတော့ ဘယ်တော့မှ မကျဘူးလို့ ဆိုထားပါတယ်။

လတ်တလောမှတော့ ကျေးရွာဒေသခံ ၅၀ ကျော်ဟာ စာသင်ကျောင်းမှာ စစ်ဘေးဒုက္ခသည်အဖြစ်နေထိုင်နေကြသလို နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။

တည်းဖြတ်- CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10