အိမ်လွမ်းနေတဲ့ ရဲဘော်တွေကို သင်္ကြန်သီချင်းနဲ့ ကပြခဲ့တဲ့ PDF ရဲဘော် (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက Master People’s Defence Force Gangaw တပ်ဖွဲ့က

အိမ်လွမ်းနေတဲ့ ရဲဘော်တွေကို သင်္ကြန်သီချင်းနဲ့ ရဲဘော်တဦးက ကပြဖျော်ဖြေခဲ့ပါတယ်။


တောထဲမှာ စိတ်ညစ်နေတဲ့အချိန်၊ ချစ်ရတဲ့သူတွေကို လွမ်းတဲ့အချိန်၊ မိသားစုတွေကို လွမ်းတဲ့အချိန်မျိုးမှာ ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင်နေ နေရတယ်လို့ အက ကပြခဲ့တဲ့ PDF ရဲဘော်က ပြောပါတယ်။

"အခုလို လုပ်တာက ရဲဘော်တွေကို ခဏတာ ပျော်ရွင်စေဖို့ အတွက်ပါ။ ကျနော် မကတတ်ပေမဲ့လည်း စိတ်ညစ်တဲ့အခါမျိုးတွေမှာ ဒီလိုကြံကြံဖန်ဖန် ပျော်အောင်နေရတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စိတ်ညစ်တဲ့အချိန်မျိုးမှာ နောက်တနည်းအနေနဲ့လည်း ရဲဘော်လေးတွေက အနာဂတ်အကြောင်းနဲ့ တော်လှန်ရေးပြီးရင် ဘာတွေ ဆက်လုပ်ကြမလဲဆိုတာတွေကို ဝိုင်းဖွဲ့ စကားပြောကြလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10