အုတ်ဖိုကကေတီဗီဆိုင်ကို ဗုံးနဲ့တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူကို UGF က တောင်းပန်စကားဆို

အုတ်ဖိုကကေတီဗီဆိုင်ကို ဗုံးနဲ့တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူကို UGF က တောင်းပန်စကားဆို

ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ပြည်-ရန်ကုန်ကားလမ်း တာဆုံမှာရှိတဲ့ ကေတီဗွီဆိုင်မှာ ဗုံးပေါက်ကွဲရာက ထိခိုက်ဒဏ်ရာရတဲ့ ဝန်ထမ်းကို တောင်းပန်ကြောင်းဇူလိုင် ၂၄ ရက်က မြေအောက်တော်လှန်ရေးအဖွဲ့ - အုတ်ဖို UGF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အုတ်ဖိုမြို့နယ်တာဆုံရှိ ဆိုင်ပိုင်ရှင် မင်းဦးရဲ့ MELODY KTV ဆိုင်မှာ စစ်သား၊ ရဲ နဲ့ပျူ အဖွဲ့တွေ ဝင်ထွက်သွားလာနေပြီး လောင်ကစားဝိုင်းတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက သတင်းပေးတိုင်ကြားခဲ့တဲ့အတွက် မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ဆိုင်ဝန်ထမ်း ၁ ဦးကို ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

" အဲ့ဒီဆိုင်မှာ လောင်းကစားဝိုင်းမျိုးစုံလုပ်နေကြတယ်။ ပြည်သူတွေက တိုင်တာများလို့ စကစ ဘက်တော်သားတွေကို ဗုံးနဲ့ပစ်ခတ်တိုက်ခဲ့တာပါ။ ဘာမှမဆိုင်တဲ့ ဝန်ထမ်းကို ထိခိုက်မိလို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အခုလိုတိုက်ခိုက်ရာမှာ အပြစ်မဲ့ပြည်သူတဦးဒဏ်ရာရခဲ့လို့ ကျနော်တို့အဖွဲ့ကတောင်းပန်ပါတယ်" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တာဝန်ခံဗိုလ်တောက်တဲ့ ကပြောပါတယ်။

ဗုံးပေါက်ကွဲတာကြောင့် ဆိုင်ဝန်ထမ်းဖြစ်တဲ့ ကိုမင်းဇော် အသက် ၁၆ နှစ်အရွယ်ရှိသူမှာ ဝမ်းဗိုက်နဲ့ခြေထောက်နေရာတွေကို ဗုံးစထိမှန်မှန်ဒဏ်ရာရခဲလို့ အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံးမှာ ဆေးကုသမှုခံယူနေတယ်လို့ သူကဆက်ပြောပါတယ်။

ယခုလိုဗုံးခွဲတိုက်ခိုက်သည့် MELODY KTV ဆိုင်မှာ အုတ်ဖိုမြို့နယ်စစ်တပ်အရာရှိတွေ ရှယ်ယာဝင် ဖွင့်ထားတဲ့ဆိုင်ဖြစ်သလို စစ်သား၊ ရဲနဲ့ပျူတွေ နေ့စဥ်လာရောက်ပျော်ပါးကြတဲ့ နေရာတခုဖြစ်တဲ့အတွက် ဗုံးခွဲတိုက်ခိုက်ခဲ့ရတာလို့ ဆိုပါတယ်။

အဲ့ဒီဆိုင်မှာ အခန်း ၁၀ ခန်းရှိပြီး၊ အခန်း ၅ ခန်းကို သီချင်းဆိုဖို့ပြုလုပ်ထားပြီး၊ ကျန် ၅ ခန်းမှာ လောင်းကစားဝိုင်းမျိုးစုံ လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အနေနဲ့ နောက်နောင်ကို အုတ်ဖို့မြို့ပေါ် မှာတိုက်ခိုက်မှုတွေကို မပြုလုပ်တော့ဘဲ ပြည်သူတွေအနေနဲ့လည်း UGF အဖွဲ့ကို တိုင်ကြားခြင်းမပြုလုပ်ကြဖို့ အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

ပုံစာ - KTV ဆိုင်နဲ့အုတ်ဖိုတာဆုံမှာ လုံခြုံရေးယူနေပုံ။ (ပုံဟောင်း)

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #အုတ်ဖို #ရန်ကုန်ပြည် #ကေတီဗီ #ဗုံးပေါက်ကွဲမှု #စစ်ကောင်စီ #UGF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10