အုတ်ဖို ခမရ ၆ က စစ်သား ၃၂ ဦး ကရင်နီမှာ လက်နက်ချ၊ လွိုင်ကော်တက္ကသိုလ်တိုက်ပွဲ စစ်သား ၁၀၀ ကျော်သေဆုံးဟု KNDF ထုတ်ပြန်

အုတ်ဖို ခမရ ၆ က စစ်သား ၃၂ ဦး ကရင်နီမှာ လက်နက်ချ၊ လွိုင်ကော်တက္ကသိုလ်တိုက်ပွဲ စစ်သား ၁၀၀ ကျော်သေဆုံးဟု KNDF ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက်နေရတဲ့ ပဲခူးတိုင်း၊ အုတ်ဖိုမြို့၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်မှာ လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲနေတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄၂၅ နဲ့ ခမရ ၆ တပ်ရင်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီး ခမရ ၄၂၅ တပ် ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အားလုံးနဲ့ ခမရ ၆ ရဲ့အင်အားတဝက်ကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၄ ရက်မှာတော့  လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲကျန်ရှိနေတဲ့ ခမရ ၆ မှ လက်ကျန်တပ်ဖွဲ့ဝင်တွေကို လက်နက်ချအညံ့ခံခိုင်းရာမှာ ညနေပိုင်းမှာ တပ်ခွဲမှူး ကောင်းမြတ်ကို ဦးစီး စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ ဖော်ပြပါတယ်။

အုတ်ဖို ခမရ ၆ ဟာ ကရင်နီပြည်နယ်အတွင်း တပ်မ ၆၆ နဲ့အတူ တိုက်ခိုက်ရေးဝင်ရောက်နေတာ ၂ နှစ်ကျော်ရှိပြီဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ တပ်ရင်းကလူတွေမှန်ကန်ကြောင်းကိုလည်း အတည်ပြုပါတယ်။

"တပ်ရင်းဆီကို သတင်းတော့ရောက်ပြီ။ ဖမ်းမိထားတဲ့သူတွေက ဟုတ်ပါတယ်။ ရင်းမှူးကျသွားတာ လည်း ဟုတ်တယ်။ သတင်းဖုံးထားတယ်” လို့ ခမရ ၆ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

၁၁၁၁ စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုအဖြစ် လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်း ၂ ရင်းကို ချေမှုန်းတိုက်ခိုက်ခဲ့သည့် KNDF စစ်ကြောင်း စစ်ဆင်ရေးမှာ စစ်ကောင်စီတပ် ရင်းမှူး၊ ဒုရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် ၁၁၀ ကျော် သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၈ ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

#ကရင်နီ #လွိုင်ကော် #တိုက်ပွဲသတင်း #စစ်သုံ့ပန်း #KNDF #ဖမ်းဆီရမိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10