အုတ်ဖိုနယ် ဂမုန်းဆည်မှာတပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

အုတ်ဖိုနယ် ဂမုန်းဆည်မှာတပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမတောတွင်းက ဂမုန်းဆည်ပေါ်ရှိ ရှင်းလင်းဆောင်မှာ လာရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ကို ဇန်နဝါရီ ၁၆ ရက်က တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုဆီက သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဝိုင်းကျေးရွာရဲစခန်းမှ လာရောက်ကာ ပဲခူးရိုးမထဲ လာရောက်တပ်စွဲနေတာဖြစ်ပါတယ်။ 

အဆိုပါ စစ်တပ်ဖွဲ့ကို အုတ်ဖို-ကျားကြီးစစ်ကြောင်းအဖွဲ့က မနက် ၇ နာရီအချိန်မှာ ၄၅ မိနစ်ခန့်အကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး  စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ကြတယ်။ တပ်ဆုတ်တဲ့ပုံစံနဲ့ မိုင်းကွင်းရှိရာ မျှားခေါ်တိုက်တယ်။ ၃ ကောင်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူး ရဲဘော်ဒေ၀က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အပြန်အလှန်ပစ်ခတ်ပြီး တာဝါတိုင်ကုန်းအနီး လယ်ကွင်းထဲက မိုင်းကွင်းကို မျှားခေါ်ရင်း ဆုတ်ခွာခဲ့ရာ စစ်ကောင်စီအဖွဲ့တွေ လိုက်လံတိုက်ခိုက်လာတာကြောင့် ၇ လုံးတွဲပဒေသာမိုင်းဖြင့် ၁ ကြိမ် မိုင်းဆွဲပြီး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ မိုင်းကွင်းထဲမှာ ၄၀ မမနဲ့  လက်နက်ငယ်တွေ ထပ်မံပစ်ခတ်တာကြောင့် စစ်တပ်ဘက်မှ အထိနာသွားပြီး သေဆုံးဒဏ်ရာရသူတွေကို  သယ်ပိုးကာ တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

တပ်ဆုတ်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို  တော်လှန်ရေးရဲဘော်တွေက ၁ မိုင်ခွဲခန့်ဝေးတဲ့ ဝိုင်းရွာရဲစခန်းအထိ လိုက်လံတိုက်ခိုက်ခဲ့ပြီး  ကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၄၀ တောင့်၊ လေးခွ ၁ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

နယ်မြေမအေးချမ်းတဲ့အတွက် ဝိုင်းအုပ်စုကျေးရွာမှာနေထိုင်တဲ့ပြည်သူတွေ မလိုအပ်ဘဲ အပြင်မထွက်ဖို့ စစ်သား၊ ရဲ၊ ပျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ဝေးရာမှာနေကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

ပုံစာ - ဇန်နဝါရီ ၁၆ ရက်က တိုက်ပွဲဝင်ခဲ့တဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့နှင့် သိမ်းဆည်းရရှိသည့် ပစ္စည်းများ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီ #အုတ်ဖို #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သေဆုံး #ဒဏ်ရာရ #PDF #တပ်ဖွဲ့ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10