အုတ်ဖိုမြို့မရဲစခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် မြို့ခံ ၆ ဦးဖမ်းဆီးခံရ

အုတ်ဖိုမြို့မရဲစခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် မြို့ခံ ၆ ဦးဖမ်းဆီးခံရ

ပဲခူတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့မရပ်ကွက်၊ ၁ လမ်းမှာရှိတဲ့ မြို့မရဲစခန်းကို ဧပြီ ၁၄ ရက်၊ သကြန်အကျနေ့ည ၁၀ နာရီအချိန်က လက်နက်ကြီးနဲ့တချက် ပစ်ခတ်တိုက်ခိုက်ခံခဲ့ ရတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ထားတဲ့ကြားထဲက အခုလိုတိုက်ခိုက်တာကို သာယာဝတီခရိုင်တပ်ရင်း၊ ၃၈၀၂ -တပ်ခွဲ--၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ကလုပ်ခဲ့တာဖြစ်ပြီး၊ ၄၀ မမ လက်နက်ကြီးတလုံးနဲ့ မြို့မရဲစခန်းဝင်းထဲကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
"သကြန်အကြို့နေ့ကတည်းက ကျောင်းရှေ့ကမဏ္ဍပ်ကိုပစ်ဖို့ပါ၊ ကလေးတွေရှိနေတော့ မပစ်တော့ဘူး၊ အကျနေ့ညပိုင်းကျမှ အုတ်ဖိုရဲစခန်းထဲ တိတိကျကျ ၄၀ တလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ စစ်ကောင်စီဘက်က ချက်ချင်းပြန်ပစ်တယ်၊ ကျနော်တို့ဘက်က ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်နေပါပြီ" လို့ သတင်းတာဝန်ခံ ဗိုလ်တောက်တဲ့ က ပြောပါတယ်။
 
အဲဒီလိုပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ မြို့ခံ ၆ ဦးကို ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးသွားပြီး ယနေ့ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ ၁ ဦးကို အာမခံနဲ့ပြန်လွှတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
လက်နက်ကြီးနဲ့ပစ်ခတ်ရာမှာ ပျက်စီးဆုံရှုံးတာ ဒဏ်ရာရသေဆုံးတာမျိုးတော့ မသိရသေးဘူးလို့ သတင်းတာဝန်ခံ ဗိုလ်တောက်တဲ့က ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ လက်နက်ကြီးတိုက်ခိုက်ခံရပြီးနောက် မသက်ဆိုင်တဲ့ပြည်သူတွေကို အပြစ်မရှိဘဲနဲ့ ဖမ်းဆီးတာတွေလုပ်နေပြီး၊ အဲ့ဒီတိုက်ခိုက်မှုကို မိမိတို့ကသာ လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
 
စာတည်း-007

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10