အုတ်ဖိုမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

အုတ်ဖိုမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ထဲမှာ စက်တင်ဘာလ ၁၆ ရက်က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုဆီက သိရပါတယ်။ 

အုတ်ဖိုနယ်အပိုင် ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးဖို့လာတဲ့ အင်အား ၄၀ ပါ စစ်ကြောင်းကို မနေ့မနက် ၉ နာရီခွဲလောက်က ကန့်နီရွာနဲ့ တာဝါတိုင်ရွာအကြားမှာ မိုင်း ၄ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိချက်အရ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုတာဝန်ခံကိုဒေဝက ပြောပါတယ်။

အဲ့ဒီနောက် ကျန်တဲ့စစ်သားတွေဟာ သေဆုံးအလောင်းတွေကိုသယ်ပြီး စစ်ကြောင်းပြန်ထွက်သွားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက် နေ့လယ်ပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ တာဝါတိုင်စခန်းကုန်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ပါ စစ်ကောင်စီတပ်တွေကို အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

ဒါ့အပြင် အုတ်ဖို့မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနလက်အောက်ခံ ရပ်ကွက်နဲ့ကျေးရွာ အုပ် ချုပ်ရေးမှူးတွေကိုလည်း စစ်ကောင်စီလက်အောက်မှာမနေဘဲ အမြန်ဆုံးနုတ်ထွက်ကြပါလို့ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က အသိပေးပြောဆိုထားပါတယ်။ 

ပုံစာ - ကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့သည့် လက်လုပ်မိုင်း။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #စစ်ကောင်စီ #မိုင်းဆွဲ #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10