အုတ်ဖိုမှာ တောခေါင်းတဦး ပစ်ခတ်ရှင်းလင်းခံရ

အုတ်ဖိုမှာ တောခေါင်းတဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ မြို့နယ်သစ်တောဌာနက တောခေါင်းတဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ပါတယ်။

အုတ်ဖိုမြို့နယ် ပဲခူးရိုးမအစပ် ဗျူဟာလမ်းပေါ်က ထန်းပင်ကုန်းရွာအနီးမှာ တောခေါင်းကိုအုန်းလှိုင်  သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရှင်းလင်းခဲ့တဲ့အဖွဲ့က ထုတ်ပြန်ထားတဲ့ ရုပ်သံမှာတော့ ကိုအုန်းလှိုင်ဟာ အပြာရောင်ဆိုင်ကယ်ကို တဦးတည်းစီးကာ ခမောက်စောင်းပြီး အရပ်ဝတ်နဲ့ပြန်လာချိန် သေနတ်နဲ့အနီးကပ် ၆ ချက်ဝန်းကျင်ပစ်ခတ်ခဲ့တာဖြစ်ပြီး နေရာမှာပဲ ဆိုင်ကယ်နဲ့အတူ လဲကျသွားတာ တွေ့ရပါတယ်။

“သူက PDF တွေကို ဂရုမစိုက်လို့ တောထဲမှာလာနေတာဆိုပြီး အမြဲပြောတဲ့သူ။ ခုတော့ပွဲချင်းပြီးပဲ" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တောက်တဲ့ က ပြောပါတယ်။  

ဒါ့အပြင်ကိုအုန်းလှိုင်ဟာ စစ်သားတွေနဲ့အတူ သောက်စားမူးယစ်ပြီး ဒေသခံပြည်သူတွေကို ဆဲဆိုကြိမ်းမောင်းနေသူဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုမှာ တရုတ်ဆိုင်ကယ် ၁ စီး လက်ကိုင်ဖုန်း ၁ လုံး ပိုက်ဆံ ၂ သိန်းခွဲကျပ်နဲ့ စာရွက်စာတမ်းအချို့ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ကိုအုန်းလှိုင်ဟာ သစ်တောဌာနက CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်တာ၊ စစ်ကောင်စီကိုသတင်းပေးဖမ်းဆီးခိုင်းတာ၊ ပဲခူးရိုးမထဲက နိုင်ငံပိုင်ကျွန်းသစ်တွေကို စစ်ကောင်စီနဲ့ပေါင်းကာ ခုတ်လှဲရောင်းချတာတွေအပြင် PDF စခန်းတွေကိုလည်း လိုက်ပြတာတွေ ပြုလုပ်သူလည်းဖြစ်တယ်လို့ ဆိုပါတယ်။ 

မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုဟာ ပြီးခဲ့တဲ့  ဩဂုတ် ၃၁ ရက်မနက်ကလည်း အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးတင်မျိုးအောင်ကို အေးမြသာယာမြို့သစ်လမ်းမပေါ်မှာပဲ သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး  MA 3 ၁ လက် ကျည် ၁၇ တောင့် လက်ကိုင်ဖုန်း ၁ လုံး ပြန်တမ်းဝင်အရာရှိကဒ်တို့ကိုလည်း သိမ်းယူခဲ့ကြပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #တောခေါင်း #noncdm #PDF #ပစ်ခတ်ရှင်းလင်းခံရ #ပဲခူးတိုင်းအနောက်ခြမ်း #ပဲခူးရိုးမ #သာယာဝတီခရိုင်တပ်ရင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10