သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက်နေ့လယ် ၁ နာရီလောက်မှာ ပျူစောထီး ၁ ဦးကို သေနတ်နဲ့ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖို ဆီကသိရပါတယ်။
အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ရွာမှာနေထိုင်တဲ့ ပျူစောထီး တင်နိုင်ထွန်း ဆိုသူကို အုတ်ဖိုတာဆုံနဲ့ သဖန်းပင်ဆိပ်ရွာကြားမှာ ဆိုင်ကယ်နဲ့လာတာကိုသတင်းရတဲ့အတွက် စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူက တပ်ကထွက်တာ။ အာဏာသိမ်းစက စစ်**စိတ် လုံးဝမပျောက်ဘူး။ ပြည်သူတွေအပေါ်လူပါးဝတဲ့ လူစားမျိုးပါ။ သူကြွေးကြော်တာက ငါသာခုချိန်ထိ စစ်ထဲကမထွက်သေးရင် ခုမြို့နယ်က PDF တွေကို အပြီးချေမှုန်းပစ်မယ်တဲ့။ သူ့ကြောင့်အသတ်ခံရတာက ပြည်သူ ၄ ယောက်၊ အဖမ်းခံရ၊ စစ်မှုထမ်းအတွက်ပေါ် တာကိုထည့်တာက ၈ ယောက်။ လူငယ်တွေချည်းပဲ။” လို့ ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ မှ တပ်ခွဲမှူးရဲဘော်ဒေဝ က ပြောပါတယ်။
ပစ်ခတ်ပြီးနောက် လက်ပစ်ဗုံး ၁ လုံး၊ မိုဘိုင်းဖုန်း ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီးတို့ကိုသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ကိုတင်နိုင်ထွန်းဟာ ကာကွယ်ရေးအဖွဲ့တွေရဲ့အချက်အလက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီပေးပို့တာ၊ လူငယ်တွေကိုပေါ်တာဆွဲဖို့ စစ်ကောင်စီဆီသတင်းပေးတာ၊ ဖမ်းဆီးခိုင်းတာတွေလုပ်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်ကလည်း တိမ်မြှုပ်ရွာအခြေစိုက် ခမရ ၆ ကနေထွက်လာတဲ့စစ်ကောင်စီ ဆိုင်ကယ်ယာဉ်တန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖို တပ်ဖွဲ့ဝင်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ MA 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၅.၅၆ ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ မိုဘိုင်းဖုန်း ၂ လုံး၊ ကျောပိုးအိတ် ၁ လုံး၊ မှတ်ပုံတင် ၁ ခု၊ ငွေသား ၄၀,၀၀၀ ကျပ်နဲ့ ခမရ ၆ တပ်ရဲ့ လျှို့ဝှက်စာရွက်စာတမ်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #အုတ်ဖို #ပျူစောထီး #ပစ်သတ်
Share Share Share