အုတ်ဖိုမှာ ပျူစောထီးလို့လူသိများတဲ့ လင်မယားနှစ်ဦး ရှင်းလင်းခံရ

အုတ်ဖိုမှာ ပျူစောထီးလို့လူသိများတဲ့ လင်မယားနှစ်ဦး ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ပျူစောထီးလို့လူသိများတဲ့ လင်မယား ၂ ဦးကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။ 

အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ကျေးပင်အင်းရွာနေ ကိုသန်းနိုင်နဲ့ မခင်ဌေးမြင့်တို့ကို ဒီဇင်ဘာ ၂၈ ရက် ဒီမနက် ၅  နာရီခွဲလောက်မှာ သူတို့နေအိမ်မှာပဲ သေနတ်နဲ့ ၉ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“လင်မယား ၂ လောက်လုံး ပွဲချင်းပြီးပဲ။ အစကို ချန်မထားခဲ့ဘူး “လို့  အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်တောက်တဲ့က ပြောပါတယ်။  

ကိုသန်းနိုင်ဟာ ဝိုင်းအုပ်စုထဲက ကျေးပင်ရွာနဲ့ ရေတာကျေးရွာကိုအုပ်ချုပ်ရတဲ့ ကျေးရွာခေါင်းဆောင် ဖြစ်ပြီး သူတို့လင်မယားဟာ PDF စခန်းကို ထောက်လှမ်းသတင်းပို့တာ၊ လောင်းကစားဝိုင်းနဲ့ ဒိုင်တွေဆီကနေ လိုင်းကြေးတောင်းပြီး စစ်ကောင်စီကိုပေးတာတွေလည်း လုပ်တယ်လို့ ဗိုလ်တောက်တဲ့က ပြောပါတယ်။  

ရှင်းလင်းပြီးနောက် ကိုသန်းနိုင်နေအိမ်ကနေ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၁ လုံး၊ အီနာဂါပို့ကျည် ၁ လုံး၊ ၅.၅၆ ကျည် ၆ တောင့် နဲ့ စကားပြောစက် ၁ လုံး တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ အုတ်ဖို မြေအောက် ပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #ပျူစောထီး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10