အုတ်ဖိုမှာ ဖမ်းမိတဲ့စစ်သား ထွက်ပြေးလို့ အသေပစ်ခတ်ဖမ်းဆီးရ

အုတ်ဖိုမှာ ဖမ်းမိတဲ့စစ်သား ထွက်ပြေးလို့ အသေပစ်ခတ်ဖမ်းဆီးရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်ထဲမှာ ဖမ်းဆီးရမိတဲ့ စစ်သား ၁ ဦးကို စစ်ဆေးမေးမြန်းနေချိန် ဒီဇင်ဘာ ၄ ရက် ဒီမနက် ၄ နာရီလောက်မှာ ထွက်ပြေးခဲ့လို့ အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့   သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။ 

ဖမ်းဆီးရမိစစ်သားဟာ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ က တပ် သား ရောဆက်ဖြစ်ပြီး အုတ်ဖိုမြို့နယ်၊ လင်းနေစန်းရွာဘုန်းကြီးကျောင်းမှာ တည်းခိုနေချိန် ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းက ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

“ ကောင်းကောင်းမွန်မွန် စစ်မေးနေတာကို ရဲဘော်တွေအိပ်နေတုန်း ထွက်ပြေးလို့ အသေပစ်ခတ် ဖမ်းဆီးလိုက်ရတာ။ သူ့ဆီက စစ်မေးစရာတွေ မကုန်သေးဘူး “ လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်သား ရောဆက် အပါ ၃ ဦးဟာ ဖမ်းဆီးရမိခဲ့တဲ့ လင်းနေစန်းရွာဘုန်းကြီးကျောင်းမှာ တည်းခိုနေတာဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးစဉ်မှာတော့ သူ ၁ ဦးသာဖမ်းဆီးနိုင်ခဲ့ကာ ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့  သတင်းပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။

ဖမ်းဆီးရမိချိန်မှာ ရောဆက်ဆီက  MA 3 သေနတ် ၁ လက်၊ ကျည် ၁၂ တောင့် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

တပ်သား ရောဆက်ကို စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့စစ်သား ၃ ဦးဟာ ဒီဇင်ဘာ ၁ ရက်က မင်းလှမြို့နယ်၊ ဆယ်ရွာက စက်လှေ ၃ စီးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ ၂ ရက်မှာ အဆိုပါ ဆယ်ရွာမှ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ကြောင်း၊ အဲ့ဒီနေ့မှာပဲ တောတိုက်ထဲမှာနေတဲ့ မသန်စွမ်းအမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်းဖြင့် ထွက်ဆိုခဲ့တယ်လို့  တာဝန်ခံကပြောပါတယ်။

ပဲခူးအနောက်ခြမ်းမှာလည်း စစ်ရေးအခြေအနေတင်းမာနေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့ ယာယီစခန်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပေမယ့်  လူနဲ့ အဆောက်အဦပျက်စီးမှုမရှိခဲ့ပါဘူး။

ပုံစာ - ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားနှင့် သိမ်းဆည်းရမိသည့် လက်နက်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အနောက်ခြမ်း #အုတ်ဖို #ခလရ၁ #စစ်ကောင်စီတပ်သား #ဖမ်းဆီးရမိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10