အုတ်ဖိုPDF စိုးမိုးနယ်မြေထဲကရွာတွေကို ကွင်းဆင်းအသိပညာပေး (ရုပ်/သံ)

အုတ်ဖိုPDF စိုးမိုးနယ်မြေထဲကရွာတွေကို ကွင်းဆင်းအသိပညာပေး (ရုပ်/သံ)

တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) ရဲဘော်တွေက သူတို့ စိုးမိုးနယ်မြေထဲမှာရှိတဲ့ ရွာတွေကို ကွင်းဆင်း အသိပညာပေးခဲ့ကြပါတယ်။

အခုလ ဒီဇင်ဘာ ၁၀ ရက်က အုတ်ဖိုမြို့နယ် ပဲခူးရိုးမအစပ်က ကျေးရွာ ၈ ရွာကိုသွားကာ အဲ့ဒီက ပြည်သူအချို့နဲ့ သွားရောက်တွေ့ဆုံကြတာဖြစ်တယ်လို့ တပ်ခွဲမှူး ရဲဘော်ဒေဝက ပြောပါတယ်။

ခရီးစဉ်အတွင်း နိုင်ငံပိုင်ကျွန်းစိုက်ခင်းတခင်းကို ခုတ်ယူအသုံးပြုတာတွေ မပြုဖို့ တားမြစ်ထိန်းသိမ်းခဲ့တယ်လို့လည်း ပြောပါတယ်။

နယ်မြေကွင်းဆင်းတွေ့ဆုံရာမှာ ဒေသခံပြည်သူတွေကို တိုက်ပွဲဖြစ်လာရင် လက်နက်ကြီးနဲ့ လေယာဉ်အန္တရာယ် သိထားရမယ့်အချက်တွေနဲ့ ရှောင်ကျဉ်ရမယ့်အချက်တွေကို ပညာပေးဟောပြောခဲ့သလို ပြည်သူတွေ မေးမြန်းတာတွေကိုလည်း ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ ပြောပါတယ်။ 

လက်ရှိ ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်ကောင်စီက အင်အားတိုးချဲ့ထားသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အသင့်ပြင်ထားတဲ့အခြေအနေမှာ ရှိနေပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရုပ်သံ #အုတ်ဖိုPDF #အုတ်ဖို #ကွင်းဆင်း #အသိပညာပေး #ပဲခူးရိုးမ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #တောင်ပိုင်းတိုင်းစစ်ဒေသ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10