အုပ်ချုပ်ရေးမှူးကို လာတိုက်ခိုက်ချိန် ပြန်ခုခံတဲ့ သားဖြစ်သူသေဆုံး

အုပ်ချုပ်ရေးမှူးကို လာတိုက်ခိုက်ချိန် ပြန်ခုခံတဲ့ သားဖြစ်သူသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ် အနောက်ဘက်က ကျွန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ဖို့လာတဲ့သူတွေကို သားဖြစ်သူက ခုခံဖို့ကြိုးစားရာက သေနတ်ကျည်ဆံထိမှန်ကာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ကျွန်းကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှဌေးရဲ့ ကျွန်းကုန်းရွာနေအိမ်မှာ မေ ၁၆ ရက် ည ၉နာရီက ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ သားဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဖိုးထောင်(ခ)ကိုအောင်မြင့်ခိုင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။


"အုပ်ချုပ်ရေးမှူးလှဌေးကို သေနတ်နဲ့ပစ်တာမှာ ရှောင်လိုက်တော့မမှန်ဘူးတဲ့။ အဲအချိန်မှာလှဌေးရဲ့အိမ်ဘေးကပ်လျက်မှာ အိမ်ခွဲနေတဲ့ သားကသေနတ်သမားတွေကိုခုံခံဖို့ပြင်နေချိန်မှာ သူ့(ဖိုးထောင်)ကိုသေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံရပြီး နေရာမှာသေသွားတာ။"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်သမား ၃ ဦး ဆိုင်ကယ်၂ စီးနဲ့ လာပစ်ခဲ့တာလို့ သိရပြီး အခုလုပ်ဆောင်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးသလို သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီး အိမ်နီးနားချင်း ကိုဖိုးကျော်နဲ့ ကိုဖိုးဝင်းတို့ညီအစ်ကို ၂ ဦးကို မေလ ၁၇ ရက်မှာ စစ်တပ်ကဖမ်းသွားပြီး ကိုဖိုးထောင်ကို မေလ ၁၈ ရက် မနေ့က ကျွန်းကုန်းရွာမှာပဲ သဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့နှစ် နိုဝင်ဘာ ၁၄ ရက်မှာ သာယာဝတီမြို့နယ်က အိုင်ကဒုံရွာအုပ်ချုပ်ရေးမှူး ကိုမင်းနိုင်နဲ့ မြစ်ကျိုးရွာ အုပ်ချုပ်ရေးမှူးကြီးမြင့်တို့ ၂ ဦးကို မြို့နယ်စိုက်ဘဏ်ရုံးကနေ ရွာကိုအပြန် သုံးဆယ်မြို့ ဖိုးခေါင်လမ်းက ညောင်နီကုန်းရွာနဲ့ ရေလဲရွာကြားမှာ သာယာဝတီဂဠုန်တပ်ဖွဲ့ကနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သေနတ်နဲ့ပစ်လို့ သေဆုံးခဲ့ပါတယ်။

ဓါတ်ပုံ - ကျွန်းကုန်းရွာအုပ်ချုပ်ရေးမှူးဦးလှဌေးနေအိမ်

စာတည်း - ဇို

#မြေလတ်အသံ
#ပဲခူးတိုင်း #သာယာဝတီ #ကျွန်းကုန်းရွာ #အုပ်ချုပ်ရေးမှူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10