အောင်ပွဲရ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေနဲ့ကြိုဆို

အောင်ပွဲရ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေနဲ့ကြိုဆို

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တိုက်ပွဲက ပြန်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေကို နိုဝင်ဘာလ ၂၄ ရက် ညနေပိုင်းမှာ ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ People's Liberation Army -  ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆီက သိရပါတယ်။

 

 ဆောင်းဦးကောက်ရိတ်သိမ်းချိန် စစ်ဆင်ရေးအဖြစ် နိုဝင်ဘာလ ၂၄ ရက်မနက် ၅ နာရီခန့်မှာ ကာဘိုးအနောက်ဘက် အောင်သာယာရွာမှာ တပ်စွဲထားတဲ့စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၈၀ ခန့်ကို ဝင်ရောက်တိုက်ခိုက်ပြီး ပြန်လာချိန်မှာ ပြည်သူတွေက ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

 

 "ပြည်သူတွေက အောင်သပြေတွေနဲ့ကြိုဆိုနေကြတယ်။ တိုက်ပွဲမှာ ပင်ပန်းခဲ့သမျှ အမောပြေခဲ့ရတယ်” လို့ PLA တပ်ဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

 

 

 ဒါ့အပြင် ဒေသခံပြည်သူတွေက မုန့်နဲ့ အချိုရည်တွေလည်း ပေးခဲ့ပြီး ဒီအစာအစားတွေကိုတော့ ကာကွယ်ရေးတပ်တွေက မယူသွားပဲ အနီးရှိ စစ်ရှောင်အချို့ကို ပြန်ပြီးဝေငှပေးခဲ့တယ်လို့ သိရပါတယ်။

 

 အဲ့ဒီတိုက်ပွဲမှာ ၂ နာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရပြီး စစ်သုံ့ပန်း ၇ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ PLA တပ်ဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

 

 

ဒါ့အပြင် တိုက်ပွဲအတွင်း ကျည်ဆန်တချို့၊ ငွေသားနဲ့ဆိုင်ကယ် ၂ စီး သိမ်းယူနိုင်ခဲ့ကာ ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း ၇ ဦး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

မဟာမိတ်ပူပေါင်းအဖွဲ့တွေ ဆုတ်ခွာပြီးနောက်မှာ စစ်တပ်ဘက်က လေယာဥ်နဲ့လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

 

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA96 Soldiers PDF အညာတပ်ခွဲ၊ စိန်ဗေဒါKBU - ပကဖ၊ မိုးကြိုးမုန်တိုင်း LPDF၊ ဝံသပါလ LPDFTCRF (PLA)၊ ရွှေဘိုဓူဝံ (PLA) နဲ့ GZ LPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

 

 

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦးမြို့နယ် #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ပွဲ #အောင်ပွဲ #ကြိုဆို #ပြည်သူ #သတင်း #မြေလတ်သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10