အောင်လံမှာ တရားမဝင်သစ်လုပ်ငန်းလုပ်သူတဦး သေနတ်နဲ့ပစ်သတ်ခံရ

အောင်လံမှာ တရားမဝင်သစ်လုပ်ငန်းလုပ်သူတဦး သေနတ်နဲ့ပစ်သတ်ခံရ

 

မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲမှာ တရားမဝင် သစ်လုပ်ငန်းလုပ်ကိုင်သူတဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

 

သေဆုံးသူမှာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိန္နဲပင်ရွာနေ အသက် ၄၀ နှစ်အရွယ် ကိုနန်းစိုးဦးဖြစ်ပြီး သူဟာ ဒီဇင်ဘာလ ၁၄ ရက်ညနေ ၅ နာရီခွဲလောက်က အခြားဒေသခံတွေနဲ့အတူ ဆိုင်ကယ်နဲ့ သွားနေချိန် အောင်လံမြို့နယ်၊ ဗျံဒီကျေးရွာနဲ့ မိူင်းတောင်ဗွေရွာကြားမှာ လက်နက်ကိုင်အဖွဲ့တခုက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

 

 

သူက သစ်လုပ်ငန်းတရားမဝင်လုပ်တော့ တောတောင်အခြေအနေကို သူကသိတယ်။ စကစ က နယ်မြေအခြေအနေသိချင်ရင် သူဆီစုံစမ်းရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

 

 

သေနတ်နဲ့ပစ်ခံရလို့ ကိုနန်းစိုးဦးရဲ့  ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကို သေနတ်ကျည်ဆံ ၅ ချက် ထိမှန်ခဲ့တယ်လို့  ဆိုပါတယ်။

 

 

ကိုနန်းစိုးဦးဟာ သူနဲ့ လူမှုရေး စီးပွားရေးပြဿနာဖြစ်ခဲ့သူတွေကို နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ် တယ်ဆိုကာ ဖမ်းဆီးခိုင်းတာတွေလည်းလုပ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

 

 

ဒီဇင်ဘာလ ၁၅ ရက် ဒီမနက်မှာတော့ စစ်အုပ်စုဝင်တွေက သေနတ်တွေပစ်ဖောက်ကာ အလောင်းကို အောင်လံမြို့နယ်၊ ရွှေပန်းတောရွာဘက်ကို သယ်သွားတယ်လို့ သိရပါတယ်။

 

 

ကိုနန်းစိုးဦးကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

 

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်ညနေကလည်း အောင်လံမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ တပည့် ကိုဝင်းထွေးကို သူရဲ့နေအိမ်မှာ အမည်မသိလက်နက်ကိုင်တဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါသေးတယ်။

 

 

 

စာတည်း - လင်း

 

 

 

 

#မြေလတ်အသံ

 

#မကွေး #အောင်လံ #စစ်တပ်နဲ့ဆက်သွယ်သူ #ရှင်းလင်းခံရ #သတင်း #မြေလတ်သတင်း

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10