ဥပုသ်သီလစောင့်တဲ့ သက်ကြီးရွယ်အိုတွေကို PDF ရဲဘော်တွေက ဆေးကုသိုလ်အဖြစ် ကုသပေး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းတကျောင်းမှာ သက်ကြီးရွယ်အိုတွေကို ဧပြီ ၁၇ ရက်မှာ ဆေးဝါးကုသပေးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၇၊ Myaing's Hero Generation တပ်ဖွဲ့ဆီက သိရပါတယ်။

နှစ်ဆန်းတရက်နေ့မှာ ဥပုသ်သီလစောင့်ဖို့ လာရောက်ကြတဲ့ သက်ကြီးရွယ်အိုတွေထဲက ကျန်းမာရေးမကောင်းသူ လူဦးရေ ၈၀ ကျော်ကို ဆေးကုသိုလ်ပြုတဲ့အနေဖြင့် ဆေးဝါးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆေးကုသပေးရာမှာ အဓိကအားဖြင့်ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါတွေ အဖြစ်များနေပြီး အားဆေး၊ထိုးဆေး၊ သောက်ဆေးပေးရင်း ကုသပေးခဲ့ရသလို ဒူးနာ၊ ခါးနာ၊ ကိုယ်လက်ကိုက်ခဲတာတွေလည်း ကုသိုလ်ပြု ဆေးကုသပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဆေးကုသရာမှာ အသုံးပြုတဲ့ ဆေးပစ္စည်းတွေမှာ ယခင်က ပြည်သူတွေ ဆေးဖိုးလှူဒါန်းထားတဲ့ငွေဖြင့် လိုအပ်တာတွေ ဝယ်ယူပြီး အဘိုး အဘွားတွေကို ဆေးမှူးနဲ့အဖွဲ့ဝင် ရဲဘော်ရဲမေ ၁၅ ဦးက ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူခရိုင်အမှတ် ၇ တပ်ရင်းက ဆေးတပ်ဖွဲ့ဝင်များမှာ  ကျောင်းနေအရွယ်ကလေးသူငယ်များအား ကျန်းမာရေး အသိပညာပေးဟောပြောတာ၊ သံကောင်ကာကွယ်ဆေး အားဆေးတိုက်ကျွေးတာ၊ စစ်ရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကိုလည်း အခါအားလျော်စွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #မြိုင် #PDF #ရပ်ရွာနေပြည်သူများ #ဆေးကုသိုလ်ပြု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10