ဥသျှစ်ပင်မှာ ဆယ်ကျော်သက်အမျိုးသမီးတဦး ကြိုးဆွဲချသေဆုံး

ဥသျှစ်ပင်မှာ ဆယ်ကျော်သက်အမျိုးသမီးတဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့မှာ ဖေဖေါ်ဝါရီလ ၆ ရက် ဒီနေ့မနက်အစောပိုင်းက အမျိုးသမီးငယ်တဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဥသျစ်ပင်မြို့ ပြည်တော်သာရပ်ကွက်က အသက် ၁၈ နှစ်အရွယ် မဥမ္မာဌေးဆိုသူဖြစ်ပြီး သူရဲ့နေအိမ်မှာ ကြိုးဆွဲချခဲ့တာလို့ ဆိုပါတယ်။

"ဘယ်အချိန်ကတည်းက ကြိုးဆွဲချတယ်ဆိုတာတော့ မသိရဘူးဗျ။ မနက် ၇ နာရီလောက်မှာ ရဲတွေရောက်လာပြီး ဥသျှစ်ပင်က အေးသုခလူမှုကူညီရေးအသင်းကားနဲ့ အလောင်းလာသယ်သွားတယ်ဗျ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဘာကြောင့် ကြိုးဆွဲချတယ်ဆိုတာတော့ တိတိကျကျမသိရှိရပဲ အလောင်းကို ဥသျှစ်ပင်ဆေးရုံကတဆင့် ဆေးစစ်ချက်ယူကာ အေးသုခသုဿန်မှာ အအေးခေါင်းနဲ့ ပို့ဆောင်ထားပြီး မနက်ဖန်မှာ သဂြိုလ်မှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၄ ရက်ကလည်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ လယ်တီကျေးရွာက အသက် ၃၂ နှစ်အရွယ် အမျိုးသားတဦးလည်း ဆွဲကြိုးချ သေဆုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10