၁ နှစ်စာ စားနပ်ရိက္ခာဖူလုံစေရန် အညာမြေပြောက်ကျားတပ်ဖွဲ့က သီးနှံများစိုက်ပျိုး

၁ နှစ်စာ စားနပ်ရိက္ခာဖူလုံစေရန် အညာမြေပြောက်ကျားတပ်ဖွဲ့က သီးနှံများစိုက်ပျိုး

မကွေးတိုင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေး အညာမြေပြောက်ကျားတပ်ဖွဲ့ဟာ ၁ နှစ်စာ စားနပ်ရိက္ခာဖူလုံစေရန် သီးနှံတွေကို စိုက်ပျိုးနေတယ်လို့ အဲဒီအဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။

ဇွန် ၅ ရက်မှာ မြေပဲစိုက်ဖို့ အညာမြေပြောက်ကျားတပ်ဖွဲ့ဟာ လယ် ၁ ဧကကိုထွန်ယက်ခဲ့ပြီး ဇွန် ၂၆ ရက်မှာ တော့ စခန်းထဲက ရဲဘော်တွေနဲ့အတူ ဒေသခံပြည်သူတချို့ပါ လာရောက်ဝိုင်းစိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အချိန်တွေကြာလာတာနဲ့အမျှ အလှူရှင်တွေလည်းနည်းပါးလာတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ရေရှည်ရပ်တည်နိုင်ဖို့ တတ်နိုင်တဲ့ဘက်ကနေ စိုက်ပျိုးရေးတွေလုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ 

စိုက်ပျိုးရေးမှရရှိလာတဲ့ သီးနှံတချို့ကိုလည်း စစ်ရှောင်တွေနဲ့ အခြားအဖွဲ့အစည်းတွေကို ပြန်လည်လှူပေးတာမျိုး တွေရှိတယ်လို့ ဆိုပါတယ်။

“အခုချိန်က မြေပဲနဲ့ ပဲစဉ်းငုံပဲ စိုက်ရသေးတယ်ဗျ။ မြေပဲကတော့ ဆီကြိတ်စားတယ်။ အခုဆို ဆီ ၁ ပိဿာ ၁၇,၀၀၀ ကျပ်တောင်ရှိတယ်။ အခုလို စိုက်ထားလိုက်တော့ ခြောက်လလောက်က ဆီကို ဝယ်မစားရတော့ဘူးပေါ့။ စစ်ရှောင်ပြည်သူတွေကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးခဲ့တယ်။ ပဲစဉ်းငုံကတော့ ရန်ပုံငွေ အတွက် ပြန်ရောင်းရတာပေါ့။ ” လို့ အညာမြေပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အညာမြေပြောက်ကျားတပ်ဖွဲ့အနေနဲ့ စားနပ်ရိက္ခာအတွက် သီးနှံတွေကို နှစ်တိုင်းစိုက်ပျိုးခဲ့ပြီး အဓိက စိုက်ပျိုးတာကတော့ စပါး၊ ပဲစဉ်းငုံ ၊ နှမ်းနဲ့ မြေပဲတို့ဖြစ်တယ်လို့ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #ပြည်သူ့ကာကွယ်ရေး #အညာမြေပြောက်ကျားတပ်ဖွဲ့ #စားနပ်ရိက္ခာ #စိုက်ပျိုးရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10