၁၀၂၇ ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ၁၁၁၁ နေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်

၁၀၂၇ ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ၁၁၁၁ နေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ နိုဝင်ဘာ ၁၁ ရက်က သပိတ်စစ်ကြောင်းနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ၁၁၁၁ လူထုလှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီထံက သိရပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ စျေးတခုမှာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့ ၁၁၁၁ နေ့ မနက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ရေးလှုပ်ရှားမှုတွေကို အောင်သပြေပန်းတွေကိုင်ဆောင်ကာ ထောက်ခံကြိုဆိုတဲ့လှုပ်ရှားမှု ပြု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"ပြည်သူလူထုက သွေးမအေးကြသေးဘူး။ မဟာမိတ်တပ်ဖွဲ့တွေနဲ့ PDF တွေကို ကြိုဆိုထောက်ခံတာကို ပြည်သူတွေက တက်ကြွလှုပ်ရှားစွာနဲ့ပါဝင်တာကို ပြသတဲ့အနေနဲ့ လုပ်ခဲ့တာပါ" လို့ သပိတ်ကော်မတီဝင်  ကိုအောင်ခန့်ဇော်က မြေလတ်အသံကိုပြောပါတယ်။

အဲ့ဒီလို ကြိုဆိုထောက်ခံရာမှာ "၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြို၊ ဖက်ဆစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ ရင်ခွင်ခိုလှုံကြ၊ ညီနောင်မဟာမိတ်တွေနဲ့ PDF တွေ တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊ မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်" စတဲ့ Banner တွေကို ကိုင်ဆောင်ကာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#စောကျော်ငြိမ်း

#စစ်ကိုင်းတိုင်း #ယင်းမာပင်ခရိုင် #ဆားလင်းကြီး #သပိတ်စစ်ကြောင်း #၁၁၁၁ #သပြေပန်း #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10