၁၀၂၇ စစ်ဆင်ရေး တလပြည့်မှာ ကျင်းပတဲ့ တော်လှန်ကထိန် (Photo News)

၁၀၂၇ စစ်ဆင်ရေး တလပြည့်မှာ ကျင်းပတဲ့ တော်လှန်ကထိန် (Photo News)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတခုမှာ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုအဖွဲ့ဝင်တွေစုပေါင်းပြီး တော်လှန်ကထိန် လှည့်လည်ပွဲကို နိုဝင်ဘာလ ၂၇ ရက် မနေ့က ပြုလုပ်ခဲ့ကြတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီဝင် ကိုအောင်ခန့်ဇော်က ပြောပါတယ်။ 

တန်ဆောင်မုန်းလပြည့်နေလည်းဖြစ် ၁၀၂၇ စစ်ဆင်ရေး ၁ လပြည့်တဲ့နေ့လည်း ဖြစ်တာကြောင့် အခုလို ကထိန်လှည့်လည်ပွဲကို အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုနဲ့ ပူးပေါင်းကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ကထိန်ကရရှိလာတဲ့ အလှူငွေတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဆီ ပြန်လည် လှူဒါန်းပေးသွားမှာလို့ သိရပါတယ်။ 

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီကဦးဆောင်ကာ ဒေသခံတွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်းလှည့်လည်ခဲ့ကြသလို စုရပ်တနေရာမှာလည်း  ထိုင်သပိတ်ပြုလုပ်ကာ တော်လှန်ရေးသီချင်း၊ အဆိုအကတွေနဲ့ ပြည်သူတွေကို ဖျော်ဖြေခဲ့တယ်လို့ ကိုအောင်ခန့်ဇော်က ပြောပါတယ်။ 

ကျေးရွာအတွင်းလှည့်လည်ချိန် ဒေသခံတွေက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့ “ညီနောင်မဟာမိတ်များနှင့် PDF များ တိုက်ပွဲတိုင်းအောင်မြင်ပါစေ" “1027 လှိုင်းတွေကို အောင်သပြေနဲ့ကြို” စတဲ့ လက်ကိုင်စာတန်းငယ်တွေ ကိုင်ဆောင်ခဲ့ကြပါတယ်။  

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #တော်လှန်ကထိန် #ဒေသခံ #တော်လှန်ရေးအင်အားစု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10