၁၁၂၇ စစ်ဆင်ရေးထောက်ခံ လှုပ်ရှားမှုတွေ အညာမှာပြုလုပ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ် အတွင်းမှာ ၁၁၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့လူထုလှုပ်ရှားမှုတရပ်ကို နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့တယ်လို့ လူငယ့်အားမာန်သပိတ်ဦးဆောင်ကော်မတီဆီက သိရပါတယ်။

လူငယ့်အားမာန်သပိတ်စစ်ကြောင်းနဲ့အတူ ကျေးရွာ ၁၀ ရွာခန့်က တော်လှန်ပြည်သူတွေဝန်းရံပါဝင်ပြီး ညနေ ၄ နာရီအချိန်မှာ ၁၁၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာလို ဆိုပါတယ်။

အလားတူ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ ကျေးရွာတရွာ မှာလည်း ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းနဲ့ အတူ ဒေသခံတွေစုပေါင်းပြီး "စစ်အာဏာရှင်အမြစ်ဖြတ်စစ်ဆင်ရေးအောင်မြင်ပါစေ" စာသားကို ကိုင်ဆောင်ပြီး Operation 1127 စစ်ဆင်ရေးကို ထောက်ခံကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၁ လပြည့်တဲ့အချိန်မှာ ၁၁၂၇ စစ်ဆင်ရေးနဲ့ စစ်ရေးအရှိန်ကို မြှင့်တင်ဖို့ ညီနောင်မဟာမိတ်သုံးဖော် အဖွဲ့က ထုတ်ပြန်ထားတာလို့ သိရပါတယ်။

လူထုလှုပ်ရှားမှုမှာ '' တိုက်ပွဲ မမျှော်ဘူး၊ တိုက်ပွဲခေါ် ၊ ဖက်ဆစ်စိတ်ဓာတ် အမြစ်ဖြတ်၊ ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ၊ အာဇာနည်တိုင်း သမိုင်းမသေ ၊Our Ambassador Our Voice၊ လူထုအရေးတော်ပုံမှသည် ဖက်ဒရယ်ပြည် ထောင်စုသစ်ဆီသို " အစရှိတဲ့ စာသားပါ ပိုစတာတွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့အတူ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

စာတည်း၊ နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ဆားလင်းကြီး #လူထုလှုပ်ရှားမှု #၁၁၂၇စစ်ဆင်ရေး #ညီနောင်မဟာမိတ်သုံးဖော် #မြေလတ်သတင်း #ရုပ်သံသတင်း #သပိတ်ကော်မတီ #ထောက်ခံပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10