သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ယောဒေသအတွင်းမှာ သြဂုတ် ၈ ရက်ဒီနေ့မှာကျရောက်တဲ့ ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၂ တပ်ရင်း ရဲဘော်တွေက ပြုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။
ဒီမနက် ၈ နာရီကနေ ၁၀ နာရီအထိ အခမ်းအနားကို ကျင်းခဲ့တာဖြစ်ပြီး အခမ်းအနားမှာ မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့အာဇာနည်သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုတာ၊ မကဒတ ဗဟိုရဲ့ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် ထုတ်ပြန်ကြေညာချက် ဖတ်ကြားတာအပြင် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံအကြောင်း ဟောပြောတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ အမှတ် ၃ စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်
ဒီအခမ်းအနားကို ယောဒေသရှိ ဒေသကာကွယ်ရေးအဖွဲ့တွေ၊ ပအဖတွေ၊ ပကဖတွေ၊ PDF တွေနဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အမှတ် ၃ စစ်ကြောင်းဟာ မြန်မာပြည်အလယ်ပိုင်းဖြစ်တဲ့ ယောဒေသ၊ ပခုက္ကူဒေသ၊ ချင်းတွင်း ဒေသတွေမှာ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို အဓိကလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
#မြေလတ်အသံ
#မကွေး #ယောဒေသ #ABSDF #၈၈၈၈အရေးတော်ပုံ #၃၆နှစ်မြောက်အခမ်းအနား
Share Share Share