သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့မိဘတွေကို အာဏာသိမ်း ၄ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မှာ ထောက်ပံ့ငွေတွေပံ့ပိုးပေးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ် ။
ကျဆုံးသွားတဲ့ ရဲဘော် ၁၃ ဦးရဲ့ မိဘတွေကို ၁ ဦးလျှင် ငွေကျပ် ၂ သိန်းစီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး အဝေးရောက်နေတဲ့ အချို့မိသားစုဝင်တွေကိုတော့ ဖုန်းကနေတဆင့်အကျိုးအကြောင်းပြောကာ ကန်တော့ခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်း က ရဲဘော်မိုက်ကယ်က ပြောပါတယ်။
"ပုံမှန်တော့ ကျနော်တို့ထောက်ပံ့ပေးတာမျိုးတော့ မရှိပါဘူး။ ပြည်သူတွေကမှတဆင့် ထောက်ပံ့တဲ့ငွေကို ကျနော်တို့ နိုင်သလောက်စုပြီးတဲ့အခါမျိုးမှာ ထောက်ပံ့ပေးတာပါ။ အခုထောက်ပံ့ငွေတွေကိုတော့ သူတို့နေအိမ်အထိသွားပြီး ထောက်ပံ့ပေးဖြစ်ပါတယ်။" လို့ ရဲဘော်မိုက်ကယ်က ဆိုပါတယ်။
မြန်မာတနိုင်ငံလုံးဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ မတရားသဖြင့်အာဏာသိမ်းခံရတာ ၄ နှစ်ရှိပြီဖြစ်ပြီး ယနေ့အချိန်ထိ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သူတိုင်းကို လေးစားလျက်ရှိကြောင်းနဲ့ အာဏာရှင်အမြစ်ပြုတ်သည့်တိုင်အောင် ဆက်လက်တိုက်ပွဲဝင်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#ဆိပ်ဖြူဘာမထီ #အာဏာသိမ်း #ထောက်ပံ့ငွေ #ပြည်သူ
Share Share Share