၅၀၀ - ၁၀၀၀ ကျပ်ကစပြီး ထောက်ပံ့လို့ရတဲ့ RKDF တပ်ဖွဲ့ရဲ့ ကမ်ပိန်းကာလ ထပ်မံတိုးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအခြေစိုက်၊ ကလေးဒေသရှိ ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ် Ranger Kalay Defend Force-RKDF တပ်ဖွဲ့မှာ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းဖို့အတွက် "နွေဦးလမ်း" သိန်း ၁၀၀၀ ကမ်ပိန်းကို ပြုလုပ်နေတယ်လို့ RKDF တပ်ဖွဲ့ဆီက သိရပါတယ်။

ကမ်ပိန်းကို ၂၀၁၄ မေ ၈ ရက်ကနေ ဇွန် ၈ ရက်အထိ ပြုလုပ်ခဲ့ရာ ၄၅ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့တဲ့အတွက် ဇွန် ၈ ရက်ကနေ ဇူလိုင် ၈ ရက်အထိ သိန်း ၁၀၀၀ ပြည့်မီဖို့အတွက် ကမ်ပိန်းကာလကို ရက်ထပ်တိုးရတာ ဖြစ်ပါတယ်။

Ranger Kalay Defend Force-RKDF တပ်ဖွဲ့မှာ လိုအပ်နေတဲ့ ကျည်ကာ၊ ကျည်ကာပြား၊ ကျည်ကာဦးထုပ်၊ ဖိနပ်၊ ယူနီဖောင်း အတွက် ၄၀ ရာခိုင်နှုန်းနဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့အတွက် ၆၀ ရာခိုင်နှုန်းကို ကမ်ပိန်းငွေထဲကနေ ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။

ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ် Ranger Kalay Defend Force-RKDF တပ်ဖွဲ့ကို၂၀၂၁ ဇွန် ၂၄ ရက်မှာ စတင်ဖွဲ့စည်းခဲ့ရာ တော်လှန်ရေးအစမှာ တူမီးသေနတ်၊ တတောင့်ထိုးသေနတ်၊ ခါးချိုးသေနတ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကလေးနယ် တောင်ပိုင်းရော မြောက်ပိုင်းမှာပါ မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာ တိုက်ပွဲပေါင်း ၅၀ ကျော် တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့မှာ ၆၀ မမ နဲ့ လက်လုပ်မိုင်းတွေကိုလည်း ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

Ranger Kalay Defend Force-RKDF တပ်ဖွဲ့အနေဖြင့် ပြည်သူလူထုရဲ့ ကူညီထောက်ပံ့မှုနဲ့ရပ်တည်နေရတာဖြစ်ပြီး သိန်း ၁၀၀၀ ကမ်ပိန်း ပြည်မီဖို့အတွက်  ပါဝင်ထောက်ပံ့ပေးကြဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ််ကိုင်း #ကလေး #ကမ်ပိန်း #စစ်ဝတ်တန်ဆာ #လက်နက်ခဲယမ်း #RKDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10