သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း တောတွင်းတနေရာက စစ်ဘေးရှောင်ပြည် သူ ၆၃ ဦးကို ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစုအဖွဲ့ဝင်တွေဆီက သိရပါတယ်။
အဲ့ဒီ စစ်ဘေးရှောင်ပြည်သူတွေကို CDM ဆရာဝန်၊ နွေဦးတော်လှန်ရေးသပိတ်အဖွဲ့နဲ့ ဒေသခံတွေက ဇူလိုင် ၂၈ နဲ့ ၂၉ ရက်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဆေးကုသမှုပေးခဲ့တာဖြစ်ပြီး အသေးစားခွဲစိတ်မှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ သွားရောက်ကုသပေးတဲ့နေရာက လမ်းခရီးလည်းမကောင်းသလို လုံခြုံရေးလည်း စိုးရိမ်ရတယ်။ သူတို့တွေကို လိုအပ်တဲ့ ကျန်းမာရေးတွေကုသမှုပေးခဲ့တယ်။ အကျိတ်တွေ၊ အဖုတွေကို ခွဲပေးခဲ့တယ်”လို့ သပိတ်အဖွဲ့ဝင် ကိုပြည့်အောင်နိုင်က ပြောပါတယ်။
ရာသီအကူးအပြောင်းကာလ ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းမှာရှိတဲ့ ကလေးတချို့ဟာ နှားစေ၊ ဖျားနာတာတွေနဲ့ ယားနာတွေ အဖြစ်များတယ်လို့လည်းဆိုပါတယ်။
စစ်ရှောင်တွေကို ကျန်းမားရေးစောင့်ရှောက်မှုပေးနိုင်တာဟာ အလှူရှင်တချို့ရဲ့ ကူညီပေးမှုကြောင့်သာ ကုသပေးနိုင်တာဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ NUG အစိုးရတို့က ကူညီပေးနိုင်ရင် ဒီထက်ပိုပြီး လုပ်ဆောင်နိုင်မယ်လို့ ကိုပြည့်အောင်နိုင်က ဆက်ပြောပါတယ်။
“ကျနော်တို့ကို ဘယ် CSO တွေက ထောက်ပံ့ထားလို့၊ NUG တွေက ထောက်ပံ့ထားလို့၊ ဘယ်အဖွဲ့ကဘာထောက်ပံ့ထားလို့ လုပ်နေတာမဟုတ်ပါဘူး။ ဟိုအလှူရှင်၊ သည်အလှူရှင်က နည်းနည်းစီလှူတာလေးတွေ ဆေးဝယ်စုဆောင်းပြီးမှ ဆေးဝါးဝယ်ပြီး ကိုယ်တိုင်ပဲရပ်တည်နေကြတာ”လို့ ဆိုပါတယ်။
ထပ်မံကျန်ရှိနေသေးတဲ့ စစ်ရှောင်တွေကို ကုသပေးဖို့အတွက် ဆေးဝါးတွေလည်းလိုအပ်နေပြီး ကနီနယ်ထဲက စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ပေးနိုင်တာဟာ ၆ ကြိမ်မြောက်ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ဇူလိုင် ၂၃ ရက်ကလည်း ကနီနွေဦးတော်လှန်ရေးသပိတ်အင်အားစုနဲ့ ဒေသခံတွေ စုပေါင်းပြီး ကနီမြို့နယ်ထဲက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၈၆ ဦး ကို ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးပြီး အဲ့ဒီထဲမှ ပြည်သူ ၅ ဦးကိုလည်း အသေးစားခွဲစိတ်မှု ပြုလုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#သတင်း #စစ်ကိုင်း #ကနီ #စစ်ဘေးရှောင် #ကျန်းမာရေး #စောင့်ရှောက်မှု #သပိတ်အင်အားစု
Share Share Share