၆၀ မမကျည်အစ ထိမှန်လို့ အဒေါ်ဖြစ်သူနဲ့ တူမတို့ ဆေးရုံတင်ထားရ

၆၀ မမကျည်အစ ထိမှန်လို့ အဒေါ်ဖြစ်သူနဲ့ တူမတို့ ဆေးရုံတင်ထားရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ (ပျူစောထီး)ရွာကနေ  ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အိုရင်းရွာက တူဝရီး ၂ ဦးထိမှန်သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

တွင်းမ (ပျူရွာ)စာသင်ကျောင်းကနေ ပျူစောထီးတွေက ဇူလိုင် ၂၆ ရက် ဒီနေ့မနက် ၂ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်မှာအိပ်ပျော်နေတဲ့ အသက် (၄၅)အရွယ် မမိလှနဲ့ တူမဖြစ်သူ အသက် (၁၃)နှစ်အရွယ် မဆုဝင့်ထည်တို့ကို ထိမှန်သွားတယ်လို့ ဆိုပါတယ်။

“အဲ့ဒီရွာနှစ်ရွာက အကွာအဝေး တမိုင်လောက်ပဲရှိတယ်။ မကြာမကြာ ရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေရှိတယ်။ ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲနဲ့ ဒီအတိုင်းရွာတွေဘက်ကို ပစ်နေတာ ရွာသားတွေလည်း လက်နက်ကြီးပစ်တုန်းခဏပဲရှောင်ရတာ အခုရွာသားတွေ ရွာထဲမှာပြန်ရောက်နေပါပြီ” လို့ မြိုင်နယ်တောင်ပိုင်း ပကဖအဖွဲ့ဝင်တဦး က ပြောပါတယ်။

အခုလက်ရှိအချိန်မှာတော့ လက်နက်ကြီးကြောင့်ထိမှန်သွားတဲ့ အဒေါ်ဖြစ်သူကိုတော့ ကျေးရွာဆေးပေးခန်းမှာ ဆေးကုသပေးနေပြီ တူမဖြစ်သူကိုတော့ ပခုက္ကူဆေးရုံကို ပို့ဆောင်ထားရတယ်လို့လည်း ဆိုပါတယ်။

မြိုင်မြို့နယ်ထဲမှာ ဇူလိုင် ၂၁ ရက်ကလည်း သရက်ကန် (ပျူရွာ)က ပျူစောထီးတပ်ဖွဲ့တွေဟာ ကန်ကလေးရွာထဲကိုဝင်ရောက်သွားပြီး အဲ့ဒီရွာက ဖုန်းအလုံး (၂၀)အပြင် ရွာသားတွေရဲ့ နေအိမ်ပေါ်က ပစ္စည်းတွေကို ခိုးယူသွားသလို ဒေသခံအမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #မြိုင်မြို့နယ် #စစ်ကောင်စီ #ပျူစောထီး #စာသင်ကျောင်း #၆၀မမ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10