၆၁ နှစ်ပြည့် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားကို ABSDF ပြုလုပ်

၆၁ နှစ်ပြည့် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားကို ABSDF ပြုလုပ်

ဇူလိုင် ၇ ရက် ဒီနေ့မှာကျရောက်တဲ့  ၆၁ နှစ်ပြည့် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားတခုကို ABSDF Column တပ်ဖွဲ့က စစ်ကိုင်းတိုင်းအတွင်းရှိ ချင်းတွင်းဒေသတပ်ရင်းမှာ ပြုလုပ်ခဲ့ပါတယ်။

 

အဲ့ဒီအခမ်းအနားမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကို စစ်တပ်က ဗုံးခွဲဖျက်ဆီးခဲ့ပုံအကြောင်း သမိုင်းနောက်ခံနဲ့ပတ်သက်ပြီး လူငယ်ရဲဘော်တွေကို ပြောပြခဲ့တယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားရဲဘော်တွေနဲ့ ခေတ်အဆက်ဆက်က အာဏာရှင်ဆန်ကျင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဟန်း၊ ကျောင်းသားပြည်သူတွေကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ABSDF တပ်ဖွဲ့က ချင်းတွင်းဒေသတပ်ရင်းမှာ အလံတဝက် လွှင့်ထူခဲ့ကြပါသေးတယ်။ 

 

#မြေလတ်အသံ 

#စစ်ကိုင်း #ABSDF Couumn #7July #အထိမ်းအမှတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10