၉ ရက်ကြာတိုက်ခိုက်ပြီး ဟုမ္မလင်းက စစ်စခန်း ၄ ခုကို တော်လှန်ရေးဘက်ကသိမ်းပိုက်

၉ ရက်ကြာတိုက်ခိုက်ပြီး ဟုမ္မလင်းက စစ်စခန်း ၄ ခုကို တော်လှန်ရေးဘက်ကသိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ အင်ကြင်းမှော်ရွာ၊ မနော်သာရွာကျွန်းကုန်းရွာတွေမှာ စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ စခန်း ၄ ခုကို ဧပြီ ၇ ရက်မှာ စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ ထုတ်ပြန်ထားပါတယ်။

ကျေးရွာ ၃ ရွာမှာ စစ်ကောင်စီဘက်က ခမရ ၃၆၉ တပ်ရင်းနဲ့ ခမရ ၃၇၀ တပ်ရင်းတို့နဲ့အတူ ပျူစောထီး ပူးပေါင်းအင်အား ၃၀၀ ကျော် အခြေပြုနေတဲ့ စခန်း ၄ ခုကို မတ် ၃၀ ရက်မှ ဧပြီ ၇ ရက်အထိ ၉ ရက်အကြာတိုက်ခိုက်ခဲ့ရပြီး အောင်မြင်စွာ စခန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ လက်လုပ် သေနတ် ၂၀ လက်၊ လက်နက်ငယ်မျိုးစုံ ၁၃၁ လက်၊ ကျည်မျိုးစုံ ၁၃,၀၀၀ ကျော် ၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ဗုံးသီးမျိုးစုံ ၄ လုံး၊ Drone Gun ၁ လက်၊ Station Jammer ၁ ခု၊ ဓားမျိုးစုံ ၃၀ ချောင်း၊ တရုတ် စကားပြောစက် TSSD ၁၆ လုံး တို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်စခန်းတွေကို တိုက်ခိုက်ရာမှာ အထူးလှုပ်ရှားတပ်ရင်း ၄၊ တပ်ရင်း ၈၊ မော်လိုက်ခရိုင်တပ်ရင်း ၁၊ ခန္တီးခရိုင် တပ်ရင်း ၁၊ ဖောင်းပြင်မြို့နယ် ပကဖနဲ့ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းမျိုးစုံကိုတွေ့ရစဥ်။

#မြေလတ်အသံ

#စစ်ကိုင်း #ခန္တီး #ဟုမ္မလင်း #စစ်ကောင်စီ # စခန်းသိမ်းတိုက်ပွဲ #လက်နက်ခဲယမ်း# သိမ်းဆည်းရရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10