7 July ၆၁ နှစ်ပြည့် ကျဆုံးကျောင်းသားရဲဘော်တွေကို အောက်မေ့ဖွယ်အခမ်းအနား ပကဖကျင်းပ

7 July ၆၁ နှစ်ပြည့် ကျဆုံးကျောင်းသားရဲဘော်တွေကို အောက်မေ့ဖွယ်အခမ်းအနား ပကဖကျင်းပ

မကွေးတိုင်းအတွင်းက တောတွင်းတနေရာမှာ 7 July ၆၁ နှစ်ပြည့် ကျဆုံးကျောင်းသားရဲဘော်တွေကို အောက်မေ့ဖွယ်ရာအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ တောင်ညိုနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

 

အခမ်းအနားမှာ တောင်ညိုနဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ရင်းမှူး ကိုညီက စစ်အာဏာရှင်အစ ဆဲဗင်းဇူလိုင်ကလို့ ဆိုလို့ရတဲ့အကြောင်း၊ အာဏာရှင်ကို အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ကို တော်လှန်ဖို့ လိုအပ်တဲ့အကြောင်း တပ်ဖွဲ့ဝင်တွေကို ပြောဆိုတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

 

 

"ဆဲဗင်းဇူလိုင် ဖြစ်ပေါ်လာပုံအသေးစိတ်ကို ရဲဘော်တွေကို ရှင်းပြတယ်။ စစ်တပ်က ရန်ကုန် တက္ကသိုလ် ကျောင်းသားတွေကို ရာနဲ့ချီသတ်ခဲ့တဲ့နေ့ ဖြစ်တယ်။ မေ့ဖျောက်လို့ မရတဲ့နေ့တနေ့ပါ။ မတရားတဲ့ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဖို့နဲ့ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို စိတ်ရင်းမှန်နဲ့ ကူညီသွားကြဖို့ ပြောခဲ့တယ်"လို့ သူက ဆက်ပြောပါတယ်။ 

 

တော်လှန်ရေးမှာစိတ်ဓာတ်ခိုင်မာဖို့၊ ဇွဲမလျော့ဖို့နဲ့ စစ်အာဏာရှင်ကိုအမြစ်ပြတ် တိုက်ခိုက်သွားကြဖို့ တိုက်တွန်းမှာကြားရင်း၊ စစ်အာဏာရှင်ကျဆုံးရေး ကြွေးကြော်ရင်း အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#မကွေးတိုင်း #7July #၆၁နှစ်ပြည့် #ကျဆုံးကျောင်းသားရဲဘော် #အောက်မေ့ဖွယ် #အခမ်းအနား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10