96 Soldiers PDF ရဲဘော်သစ်တွေ သင်တန်းဆင်းပြီး ပျော်ရွှင်စွာ သီချင်းဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်အတွင်း အခြေစိုက်ထားတဲ့ 96 Soldiers PDF အညာဒေသတပ်ခွဲမှာ အပတ်စဥ် ၃ သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတနေရာမှာ ဧပြီ ၇ ရက်က ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကို လက်မခံဘဲ တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်လာတဲ့ ရဲဘော်သစ်တွေကို အခြေခံစစ်ပညာသင်တန်း သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲမှာ ရဲဘော်တွေက ပျော်ရွှင်စွာ သီချင်းတွေသီဆိုကခုန်နေခဲ့တယ်လို့ ဆိုပါတယ်။

" ရဲဘော်တွေ သင်တန်းဆင်းတဲ့ညမှာ ပျော်နေကြတာပါ။ ရဲဘော် ၆၀ ကျော် သင်တန်းဆင်းခဲ့တယ်။ မနောဆိုတဲ့ သင်္ကြန်သီချင်းနဲ့ ပျော်နေကြတာပါ" လို့ ဘဏ္ဍာရေးတာဝန်ခံ ရဲမေဖူးက ပြောပါတယ်။

ရဲဘော်သစ်တွေကို ဖေဖော်ဝါရီလ တတိယပတ်မှာ စတင်သင်တန်းပေးခဲ့တာဖြစ်သလို သင်တန်းကာလ ၄၅ ရက်ကြာမြင့်ခဲ့ပြီး ရဲဘော်ဦးရေ ၆၀ ကျော်ကို ဧပြီလဒုတိယပတ်အတွင်းမှာ သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #PDF #သင်တန်းဆင်း #ဖျော်ဖြေရေး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10