ABSDF ထံ ပျူစောထီး ၁ ဦး ကျည်ဆံမျိုးစုံအပါ သေနတ် ၁ လက်နဲ့ အလင်းဝင်

ABSDF ထံ ပျူစောထီး ၁ ဦး ကျည်ဆံမျိုးစုံအပါ သေနတ် ၁ လက်နဲ့ အလင်းဝင်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF အမှတ် ၃ စစ်ကြောင်း တပ်ရင်းအမှတ် ၁၄ (ချင်းတွင်းဒေသ)ကို ပျူစောထီး ၁ ဦး လက်နက်အပြင် ကျည်ဆံမျိုးစုံနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ တပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးဆီက သိရပါတယ်။

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာက စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအမျိုးသား ၁ ဦးဟာ ဒီဇင်ဘာ ၂ ရက် ည ၁၀ နာရီဝန်းကျင်မှာ တပ်ရင်းအမှတ် ၁၄ တပ်ရင်းမှူး ရဲဘော်ဇေယျဆီကို Type- 81 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၇.၆၂ မီလီမီတာကျည် ၈၆ တောင့်၊ ၅.၅၆ မီလီမီတာကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ စကားပြောစက် ၁ လုံး တို့နဲ့အတူ အလင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

"ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်းရဲ့တပ်ရင်းတွေကို အခုလို လက်နက်နဲ့တကွအလင်းဝင်လာတာ ပထမဦးဆုံးဖြစ်ပြီး လက်ရှိမှာဆုကြေးမပေးနိုင်သေးဘဲ အလှူခံနေဆဲဖြစ်တယ်" လို့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

အလင်းဝင်ရောက်လာသူကိုတော့ ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်းက စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ် ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နဲ့ ၂၅ ရက်တို့ကလည်း ကျောင်းသားတပ်မတော်အနေနဲ့  ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ နေထိုင်လိုခြင်းမရှိတဲ့ ပြည်သူ ၉ ဦးကိုလည်း  ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ပေါင်းကာ သွားရောက်ခေါ်ဆောင်ပြီး လုံခြုံတဲ့တနေရာကို ပို့ဆောင်ခဲ့ကြ ပါသေးတယ်။ 

ပုံစာ - အလင်းဝင်လာသည့် ပျူစောထီးနှင့် စစ်လက်နက်အသုံးအဆောင်များ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မြေလတ်သတင်း #ပုလဲမြို့နယ် #ABSDF #လက်နက်ပစ္စည်း #ပျူစောထီး #အလင်းဝင် # #စစ်ကောင်စီ #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10