ABSDF အဖွဲ့ရဲ့ အပတ်စဥ် ၄ အခြေခံစစ်သင်တန်းဆင်းပွဲ

ABSDF အဖွဲ့ရဲ့ အပတ်စဥ် ၄ အခြေခံစစ်သင်တန်းဆင်းပွဲ

မကွေးတိုင်း၊ ယောဒေသနယ်မြေအတွင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်း၊ တပ်ရင်းအမှတ် ၁၂ မှာ အခြေခံစစ်ပညာ သင်တန်းအပတ်စဉ် ၄ သင်တန်းဆင်းပွဲကို မတ် ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ABSDF Column - 3 ဆီက သိရပါတယ်။ 

ဒီသင်တန်းကို ၂၀၂၃ ဒီဇင်ဘာ တတိယပတ်ကနေ ၂၀၂၄ မတ် တတိယပတ်အထိ ၃ လကြာ ပြုလုပ်ခဲ့ပြီး ရဲဘော် ၃၀ ဦးနဲ့ ရဲမေ ၆ ဦး စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

"ရဲဘော်တွေရော ရဲမေတွေရော သင်တန်းပေးတာပါ။ နောက်ပိုင်းလည်း မွမ်းမံသင်တန်းနဲ့ ကဏ္ဍအလိုက် မတူညီတဲ့သင်တန်းတွေ လုပ်ပေးဖို့ရှိပါတယ်" လို့ ABSDF သတင်းတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။

သင်တန်းဆင်းပွဲကို ABSDFတပ်ဖွဲ့ဝင်တွေ၊ ဒေသအတွင်းရှိ ပကဖအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ရှေ့ဆက်ပြီးလည်း ရဲဘော်ရဲမေတွေကို မွမ်းမံသင်တန်း၊ ဆေးသင်တန်း၊ ဆက်သွယ်ရေးသင်တန်းနဲ့ စနိုက်ပါသင်တန်းတွေကို တပ်ဖွဲ့ကပြုလုပ်ပေးမှာဖြစ်သလို မဟာမိတ်တပ်ဖွဲ့တွေဆီမှာလည်း တက်ရောက် သင်ကြားရတာမျိုးတွေလုပ်သွားမယ်လို့ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ယော #ABSDF #သင်တန်းဆင်းပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10