ABSDF Column - 3ရဲ့ အမှတ်စဥ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ABSDF Column - 3ရဲ့ အမှတ်စဥ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) စစ်ကြောင်း ၃ ရဲ့ ချင်းတွင်းဒေသ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ချင်းတွင်းဒေသတပ်ရင်းမှာ ဇူလိုင်လ ၉ ရက် ဒီနေ့မနက် ၇ နာရီက ပြုလုပ်ခဲ့တယ်လို့ ABSDF Column - 3က သတင်းထုတ်ပြန်ခဲ့ပါတယ်။။

ဧပြီလ ၂၁ ရက်က စတင်ခဲ့တဲ့ သင်တန်း အပတ်စဥ် ၂/၂၀၂၃ ရဲ့ သင်တန်းသား ဦးရေ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၃၄ ဦးပါဝင်တဲ့ အခြေခံစစ်ပညာသင်တန်းဆင်းခဲ့တာ ဖြစ်ပါတယ်။

"အဓိကက စစ်ရေးပြ တိုက်ခိုက်ရေးကို အဓိကသင်တယ်။ စစ်မိန့်နာခံမှုတွေ တည်ဆောက်တယ်။ တပ်မတော်တခုအနေနဲ့ တပ်ဖွဲ့ဝင်တွေကို စနစ်တကျ တည်ဆောက်နေရတာပါ။" လို့ ABSDF Column - 3ရဲ့ ချင်းတွင်းဒေသ တပ်ရင်းမှူး ရဲဘော်ဇေယျက ပြောပါတယ်။

အခက်အခဲကျော်တာ၊ သေနတ်ဖြုတ်တာ သေနတ်ပြန်လည်တပ်ဆင်တာတွေကိုပါ ABSDFက သင်တန်းဆရာတွေနဲ့ သင်ကြားပေးတာလို့ သူကဆက်ပြောပါတယ်။

သင်တန်းဆင်းပွဲကို မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခရိုင် PDF တပ်ရင်းတွေနဲ့ ပြည်သူလူထုတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၁ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီး သင်တန်းသား ၃၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။

စာတည်း- ဇို

#မြေလတ်အသံ

#ABSDF #စစ်ပညာသင်တန်း #ကျောင်းသားတပ်မတော် #ချင်းတွင်းဒေသ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10