ABSDF Column 3 လက်အောက်ခံ တပ်ရင်း ၂ ခုမှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနား

ABSDF Column 3 လက်အောက်ခံ တပ်ရင်း ၂ ခုမှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနား

ABSDF Column 3 လက်အောက်ခံ တပ်ရင်း ၂ ခုမှာ သြဂုတ် ၈ ရက် ဒီကနေ့မှာကျရောက်တဲ့ ၃၅ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အခမ်းအနားကို ကျင်းပခဲ့တယ်လို့  ABSDF Column 3 ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။ 

အခမ်းအနားကို ဒီမနက် ၈ နာရီလောက်က မကွေးတိုင်း၊ ယောဒသ အမှတ် ၁၂ တပ်ရင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းဒေသက တပ်ရင်းတခုမှာ ကျင်းပခဲ့ကြတာပါ။ 

ရှစ်လေးလုံး လူထုအရေးတော်ပုံအကြောင်း ဟောပြောတာနဲ့ သံဃာတော်တွေကို ဆွမ်းကပ်တာ၊ ဝတ္ထုငွေကပ်လှူတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ABSDF Column 3 ရဲ့ လက်အောက်မှာရှိတဲ့ တပ်ရင်း ၂ ရင်းမှာ ဒီအခမ် အနားကို ပြုလုပ်ခဲ့တာပါ။ ၈၈ စိတ်ဓါတ်ကို ကိုင်စွဲပြီး လက်ရှိနွေဦးတော်လှန်ရေးကို အားလုံးက တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ ဟောပြောမှုအပြီးမှာ သံဃာတော်တွေကို နေ့လယ်ဆွမ်းလှူခဲ့ပါတယ်"လို့ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

ဒီအခမ်းအနားကို တပ်ဖွဲ့အတွင်းက ရဲဘော်ရဲမေတွေအပြင် ပြည်သူအချို့လည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ABSDFColumn3 #ရှစ်လေးလုံး #အရေးတာ်ပုံ #အခမ်းအနား #သတင်း #ယော 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10