AK 47 သေနတ် ၂ လက် ကမ်ပိန်း ၄၅ ရာခိုင်နှုန်းသာရရှိထား (ရုပ်/သံ)

စစ်ကောင်စီကို ရသမျှခဲယမ်းတွေ စုဆောင်းပြီး တိုက်ခိုက်နေတဲ့ Rocket Fighter Pauk တပ်ဖွဲ့မှာ လက်နက်လိုအပ်ချက်ရှိနေတဲ့အတွက် AK 47 မောင်းပြန်သေနတ် ၂ လက်ဝယ်ယူနိုင်ဖို့ ကျပ်သိန်း ၄၀၀ ကမ်ပိန်းကို ပြုလုပ်ရတာလို့ တပ်ဖွဲ့တာဝန်ခံလပြည့်က ပြောပါတယ်။

အဲ့ဒီကမ်ပိန်းကာလကို ဧပြီလ ၁ ရက်ကနေ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားပြီး လက်ရှိအချိန်ထိတော့ မဲလက်မှတ် ၄၅ ရာခိုင်နှုန်းခန့်သာ ရောင်းချရသေးတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းအခြေစိုက် Rocket Fighter Pauk People Defence Force - RFPPDF တပ်ဖွဲ့အနေနဲ့  ၂၀၂၁ ခုနှစ် ဇွန်လအစောပိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီကို ရရာလက်နက်နဲ့ စတင်တော်လှန်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ကို ထူထောင်ပြီးကတည်းက လက်လုပ်တတောင့်ထိုးသေနတ်၊ လက်လုပ်စိန်ပြောင်းနဲ့ ၄၀ မမ လက်နက်ကြီးတွေနဲ့ ယနေ့အချိန်အထိ တိုက်ခိုက်နေရတာဖြစ်တယ်လို့ တပ်ဖွဲ့တာဝန်ခံလပြည့် က ပြောပါတယ်။

စစ်ကောင်စီကိုတိုက်ခိုက်ရာမှာ တိုက်ပွဲကြီးပေါင်း ၁၂ ပွဲကျော်ပါဝင်တိုက်ခိုက်ခဲ့သလို လက်နက်နဲ့ခဲယမ်း လိုအပ်ချက်ကြောင့် မဟာမိတ်တပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ သိရပါတယ်။

Rocket Fighter Pauk တပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင်ကို ကျဆုံးချုပ်ငြိမ်းသွားတဲ့အထိတိုက်ခိုက်သွားမှာဖြစ်ပြီး AK 47 ကမ်ပိန်းမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးကြဖို့လည်း တပ်ဖွဲ့တာဝန်ခံက တိုက်တွန်းပြောဆိုထားပါတယ်။

မဲလက်မှတ် ၁ စောင်ကို ၅၀၀၀ ကျပ်နှုန်း Rocket Fighter Page မှတဆင့်ဝယ် ယူနိုင်ပြီး ပထမဆု ဆိုင်ကယ်တစီး၊ ဒုတိယဆု လက်ကိုင်ဖုန်းတလုံး၊ တတိယဆု လက်တော့ပ်တလုံးတို့ကို ဆုအဖြစ် မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပေါက် #လက်နက်ခဲယမ်းလိုအပ် #AK 47 #ကမ်ပိန်း #နွေဦးတော်လှန် ရေး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10