BLDF - အညာမိုင်းတပ် ရိက္ခာအတွက် စပါး ၂ ဧက ရဲဘော်တွေကိုယ်တိုင် စိုက်ပျိုး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာအခြေစိုက်တဲ့ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF - အညာမိုင်းတပ်)က တပ်ဖွဲ့ရိက္ခာ အထောက်အပံ့ရဖို့အတွက် စပါး ၂ ဧကကို စိုက်ပျိုးထားတယ်လို့ အညာမိုင်းတပ်ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

ဒေသခံပြည်သူတွေက အခမဲ့ငှားထားတဲ့ လယ်မှာစိုက်ပျိုးထားတာဖြစ်ပြီး ထွန်ယက်တာနဲ့ စိုက်ပျိုးရာမှာ တပ်ဖွဲ့ဝင်တွေအပြင် ဒေသခံတွေက ဝိုင်းဝန်းကူညီကြတယ်လို့ ဆိုပါတယ်။

အဲဒီစပါးခင်းကို ပျိုးထောင်စိုက်ပျိုးတာဖြစ်ကာ စပါးအသက် ရက် ၄၀ ကျော်လာပြီဖြစ်လို့ ပေါင်းသင်မြက်နှုတ်တာတွေကို စက်တင်ဘာ ၁၀ ရက်ကစတင်ပြီး တပ်ဖွဲ့ဝင်တွေက ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ 

အဲဒီလယ်တွေကို ဩဂုတ် ၂၂  ရက်က စိုက်ပျိုးခဲ့တာဖြစ်ပြီး  အညာမိုင်းတပ်အနေနဲ့  အခုလို တပ်ဖွဲ့ရိက္ခာအတွက် စပါးစိုက်ပျိုးတာဟာ ပထမအကြိမ်ဖြစ်တယ်လို့  သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချောင်းဦး #တပ်ဖွဲ့ရိက္ခာ #စပါးစိုက် #BLDF #အညာမိုင်းတပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10