BTS Jin ​ကျွေးတဲ့ စစ်ရှောင်စခန်းက ထမင်းတနပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း ၁ ခုမှာ BTS K-Pop Boy Band အဖွဲ့ဝင်တဦးဖြစ်တဲ့ Jin ကျွေးတဲ့ ထမင်းတနပ်ကို ဇွန် ၁၂ ရက် ဒီနေ့မှာ စားခဲ့ရပါတယ်။

BTS Jin က ကိုယ်တိုင် တိုက်ရိုက်ကျွေးခဲ့တာမျိုး မဟုတ်ဘဲ သူ့ကို ချစ်ခင်အားပေးကြတဲ့ မြန်မာပရိသတ်ကြီးက BTS Jin စစ်မှုထမ်းပြီး အိမ်ပြန်ရောက်တဲ့ အထိမ်းအမှတ်အဖြစ်ကျွေးမွေးခဲ့တာပဲ ဖြစ်ပါတယ်။

BTS K-pop boy band အဖွဲ့ဝင်တဦးဖြစ်တဲ့ Jin ဟာ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်မှာ စတင်စစ်မှုထမ်းခဲ့ရာ စစ်မှုထမ်းကာလ ၁၈ လပြည့်လို့ အိမ်ပြန်လာတဲ့ Jin အတွက် အမှတ်တရအနေနဲ့ JIN MYANMAR TEAM , MYANMAR ARMY အဖွဲ့က  ကျွေးမွေးလှူဒါန်းခဲ့တာလို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

"K-Pop Fan တွေက လာလှူကြတာတွေရှိပါတယ်။ စစ်ရှောင်တွေအတွက် အထောက်အကူဖြစ်ပါတယ်။အဆိုတော် Jin အမှတ်တရ အလှူအတွက်လည်း ဝမ်းသာရပါတယ်" လို့ အညာပစ်တိုင်းထောင်အဖွဲ့ ဦးဆောင်သူ မဖူးပွင့်ဝေ က ပြောပါတယ်။

နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူဦးရေ ၂၁၀ ကျော်အတွက် နေ့လယ်စာ ထမင်းတနပ်အလှူအဖြစ် ငါးဟင်း၊ မန်ကျည်းရွက်ချဥ်သုပ်၊ ကျောက်ဖရုံသီးကြက်ရိုးဟင်းချို တို့ ကျွေးမွေးခဲ့ပြီး ကုန်ကျစားရိတ် ၃၇၈,၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ BTS K-Pop Boy Band ဟာ Jin, Suga, J-Hope, RM, Jimin, V, Jungkook ဆိုပြီး အဖွဲ့ဝင် အမျိုးသားလူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

အမျိုးသားလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ BTS K-Pop အဖွဲ့ရဲ့ Page လူမှုကွန်ယက်စာမျက်နှာမှာ Follower ၁၈ သန်းကျော်ရှိပြီး ကမ္ဘာ့လူကြိုက်အများဆုံး K-Pop အဖွဲ့ ၁၀ ဖွဲ့မှာ နံပတ် ၁ နေရာကို ပိုင်ဆိုင်ထားတဲ့အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #စစ်ရှောင်ပြည်သူ #ထမင်းဟင်းအလှူ #BTS #Kpop #စစ်မှုထမ်း #Jin

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10