သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းထဲမှာအခြေစိုက်ထားတဲ့ Bagan Ogre Force(PDF)အဖွဲ့ တပ်ဖွဲ့ဝင်တွေကို မြို့သိမ်းတိုက်ပွဲအတွက် အထူးကွန်မန်ဒိုသင်တန်း ရက် ၁၀၀ စစ်ရေးလေ့ကျင်မှုပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်ဇီးကွက်က ပြောပါတယ်။
Bagan Ogre Force အထူးကွန်မန်ဒိုသင်တန်းသား ၁၅ ဦးကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့(EAO)တခုက သင်တန်းဆရာတွေနဲ့ မတ်လ ၂ ရက်နေ့ ကနေ ဇွန်လ ၁၄ ရက်အထိ လေ့ကျင့်ပေးခဲ့တာလို့ဆိုပါတယ်။
"အဓိက က မြို့ပြ Urban Operation (မြို့ပြစစ်ဆင်ရေး) အတွက်ပါ။ Urban နဲ့ Jungle( တောတွင်း) ကမတူဘူး Urban က အနီးကပ်တိုက်ခိုက်တာ Jungle ထက်လျှင်မြန်ရတယ် ရုပ်ပြောင်း၊ ရုပ်လွှဲ မြန်ရမယ်။ ပြည်သူနဲ့တသားတည်းနေနိုင်ရမယ်။ အဓိကမြို့ပြကိုပြန်သိမ်းဖို့ မြို့ပြစစ်ဆင်ရေးအတွက် သင်တန်းပေးတာပါ " လို့ ဗိုလ်ဇီးကွက်က မြေလတ်အသံကို ပြောပါတယ်။
အခြေနေအချိန်အခါပေါ်မူတည်ပြီး ရန်သူနဲ့အနီးကပ်တိုက်ခိုက်နည်း ၊ ရန်သူ့စခန်းကိုလျှပ်တပြက်ဝင်ရောက်တိုက်ခိုက်နည်း၊ ဝင်ရောက်ချေမှုန်းနည်းတွေကို ဦးစားပေးသင်ကြားပေးပါတယ်လို့ သူက ဆက်ပြောပါတယ်။
လေ့ကျင့်ရာမှာသက်လုံနဲ့ လျှင်မြန်မှုရှိဖို့အတွက် ပြေးတာ၊ အမြင့်ခုန်တာ၊ အုတ်နံရံတွေကိုခုန်တက်တာ၊ အခန်းတွင်းဝင်ရောက်ရှင်းလင်းတာစတဲ့ မြို့ပြစစ်ဆင်ရေးအတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေကို အတွေ့ အကြုံရှိသင်တန်းဆရာတွေကသင်ကြားပေးတာလို့ဆိုပါတယ်။
Bagan Ogre Forceအဖွဲ့နဲ့ ညောင်ဦးခရိုင်တပ်ရင်း ၅ တို့ဟာဒေသခံကာကွယ်ရေးတပ်တွေနဲ့ပေါင်းကာ ဇွန်လ ၄ ရက်က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကဘဲရွာစစ်ကောင်စီကင်းစခန်းကိုတိုက် ခိုက်ခဲ့ကြပါသေးတယ်။
ပုံစာ - Bagan Ogre Forceရဲ့ မြို့သိမ်းတိုက်ပွဲအတွက်စစ်ရေးလေ့ကျင့်မှုပုံရိပ်များ
စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ
#မန္တလေး #ညောင်ဦး #PDF #မြို့ပြစစ်ဆင်ရေး #လေ့ကျင့်မှု #အထူးကွန်မန်ဒို
Share Share Share