CDF-KKG တပ်ဖွဲ့က မိုင်းထိလို့ ကျဆုံးခဲ့တဲ့ရဲဘော်ကို ကောင်းမွန်စွာ ဂူသွင်းသင်္ဂြိုဟ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ Chinland Defense Force Kalay-Kabaw-Gangaw Battalion 4 တပ်ဖွဲ့က ကျဆုံးရဲဘော်ရဲ့ ရုပ်အလောင်းကို ကောင်းမွန်စွာ ဂူသွင်းသင်္ဂြိုဟ်ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

CDF-KKG တပ်ရင်း ၄၊ သတင်းနဲ့ပြန်ကြားရေးမှူး အသက် ၂၆ နှစ်အရွယ် ဆလိုင်းယာယာကမ် ဟာ မေ ၇ ရက်မှာ မိုင်းထိပြီးရှေ့တန်းတနေရာမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

" ရဲဘော်က ရှေ့တန်းမှာ ကိုယ့်မိုင်းကိုထိပြီး ကျဆုံးခဲ့တာပါ။ အရင်က အစိုးရဝန်ထမ်းပါ။ တပ်ဖွဲ့အနေနဲ့ ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့ပါတယ် " လို့ CDF KKG တပ်ရင်း ၄ သင်တန်းမှူးက ပြောပါတယ်။

ဆလိုင်းယာယာကမ်ဟာ တော်လှန်ရေးမတိုင်ခင် အစိုးရဝန်ထမ်းအလုပ်ကို လုပ်ကိုင်ခဲ့ရာမှ တော်လှန်ရေးအစမှာပဲ CDM ပြုလုပ်ကာ CDF KKG တပ်ဖွဲ့ထဲကို ဝင်ရောက်လာကာ သတင်းနဲ့ပြန်ကြာရေးတာဝန်ကို ထမ်းဆောင်နေခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်နာရေးကို တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူများ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနဲ့အတူ ဒေသခံပြည်သူတွေက လိုက်ပါပို့ဆောင်ခဲ့ပြီး CDF KKG တပ်ရင်း ၄ ဒုတိယစစ်ဦးစီးချုပ်က အမိန့်ပြန်တမ်းစာ ဖတ်ကြားပြီး သေနတ်ပစ်ဖောက် ဂုဏ်ပြုကာ သင်္ဂြိုဟ်ပေးခဲတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကလေး #မိုင်းထိ #ကျဆုံးရဲဘော် #သင်္ဂြိုဟ် #CDFKKGတပ်ရင်း၄

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10