MOD ရဲ့ ဗျူဟာအဆင့်သင်တန်းက PDF ရဲဘော်တွေအတွက် အသုံးအဆောင်ပစ္စည်းတချို့ ထောက်ပံ့ပေး

MOD ရဲ့ ဗျူဟာအဆင့်သင်တန်းက PDF ရဲဘော်တွေအတွက် အသုံးအဆောင်ပစ္စည်းတချို့ ထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က PDF ရဲဘော်တွေ ဗျူဟာအဆင့်သင်တန်းတက်ရောက်နေချိန်မှာ အသုံးအဆောင်ပစ္စည်းတချို့ကို နိုဝင်ဘာ ၁၈ ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

NUG အစိုးရ၊ MOD ကာကွယ်ရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းအတွင်းမှာပြုလုပ်တဲ့ ဗျူဟာအဆင့် စုဖွဲ့လေ့ကျင့် သင်တန်းမှာ Hero Fighter Army - Salingyi PDF အဖွဲ့တက်ရောက်နေပြီး လိုအပ်တဲ့ အသုံးအဆောင်တချို့ အကူအညီပေးဖို့ တောင်းခံလာတဲ့အတွက် ထောက်ပံပေးရတာလို့ ဆိုပါတယ်။

"ရဲဘော်တွေမှာ လိုအပ်နေလို့ ကူညီပေးဖြစ်တာပါ။ နိုင်ရာတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို တတ်အားသမျှ ဆက်ပြီးထောက်ပံ့သွားမှာပါ " လို့ ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။

ဗျူဟာအဆင့်သင်တန်းတက်နေတဲ့ ဆားလင်းကြီးက PDF ရဲဘော် ၃၀ ဦးအတွက် ၁ ဦးကို ခြုံစောင်၊ ထမင်းစားဇလုံနဲ့ ဟင်းစားဇွန်းအပါ ပစ္စည်း ၃ မျိုး ထောက်ပံပေးခဲ့တယ်လို့သူမက ဆက်ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်က စစ်ကိုင်းတိုင်း အမှတ် ၁ စစ်ဒေသ စိုးမိုးနယ်မြေအတွင်းရှိ နေရာတခုမှာ ပြည်သူ့ ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေကို ဗျူဟာအဆင့် စုဖွဲ့လေ့ကျင့်တဲ့ သင်တန်းပြုလုပ်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့ #PDF #ဗျူဟာအဆင့် #NUG #MOD #HeroFighterArmy #SalingyiPDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10