Myingyan Black Tiger ကနယ်မြေရှင်းလင်းစဥ် ရဲအသုံးအဆောင်အချို့ သိမ်းဆည်းရမိ

Myingyan Black Tiger ကနယ်မြေရှင်းလင်းစဥ် ရဲအသုံးအဆောင်အချို့ သိမ်းဆည်းရမိ

မကွေးတိုင်း၊ ရေစကြိုမြို့၊ ငြိမ်းဇာနည်ရဲစခန်းအနီးကို ဇူလိုင် ၉ ရက်ည ၈ နာရီက နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန် မသင်္ကာတဲ့နေအိမ်အတွင်းက ရဲအသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ရဲအုပ်အောင်နိုင်ထွေးရဲ့အရာရှိသင်တန်းတက်ရောက်ပြီးကြောင်းလက်မှတ်၊ မှုခင်းမှတ်တမ်း၊ အရာရှိသင်တန်းအမှတ်စဥ် ၈/၂၀၁၅ သင်တန်းဆင်းလက်မှတ်၊ ဒရုန်းတစင်းနဲ့ အခြားရဲအသုံးအဆောင်အချို့ သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။

"ငြိမ်းဇာနည်ရဲစခန်းအနီးမှာ စစ်**တွေကင်းပုန်းဝပ်တယ်လို့ ပြည်သူကသတင်းပေးလို့၊ တိုက်ခိုက်ဖို့နယ်မြေရှင်းလင်းဖို့ သွားရောက်ခဲ့ပေမယ့်၊ စစ်**တွေကိုမတွေလို့ အရင်က ပျူဒလန်နေတဲ့အိမ်ကိုမသင်္ကာလို့ ဝင်စစ်တာမှာ အခုပစ္စည်းတွေ တွေ့ခဲ့တာပါ" လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

နယ်မြေရှင်းလင်းရေးသွားရောက်ရာမှာ Myingyan Black Tiger အဖွဲ့ရဲ့အမှတ် ၂ စစ်ဆင်ရေးအဖွဲ့ဝင်တွေ သွားရောက်တာဖြစ်ပြီး ပြန်လည်ဆုတ်ခွာအပြီးမှာတော့ စစ်အုပ်စုဘက်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

Myingyan Black Tiger နဲ့ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ညနေကလည်း ရေစကြိုမြို့နယ်၊ ကျွန်းမကြားကျေးရွာဆိပ်ကမ်းမှာ အင်အား ၄၀ လောက်နဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို အဝေးပစ် Sniper နဲ့သွားရောက်တိုက်ခိုက်ကြ ပါသေးတယ်။

ပုံစာ - သိမ်းဆည်းရမိသည့် ရဲအသုံးအဆောင်အချို့။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြို #ငြိမ်းဇာနည် #နယ်မြေရှင်းလင်း #စကစ #ရဲတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10