NUG နဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့ တော်လှန်ဆွမ်းဆန်စိမ်းအလှူ

NUG နဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့ တော်လှန်ဆွမ်းဆန်စိမ်းအလှူ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က ကျေးရွာတရွာမှာ ဒီဇင်ဘာလ ၅ ရက် မနက်အစောပိုင်းက သံဃာတော်တွေကို ပင့်ဖိတ်ပြီး တော်လှန်ဆွမ်းဆန်စိမ်းလောင်းလှူတဲ့ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုတဲ့အနေနဲ့ မြို့နယ်အတွင်း ကျေးရွာ ၅ ရွာက သံဃာတော်အပါး ၃၀ ကို ပင့်ဖိတ်ကာ ဒေသခံပြည်သူ ၂၀၀ ကျော်၊ ရပ်ကျေး ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးတို့ ဦးဆောင်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူတာလို့ ဆိုပါတယ်။ 

ဓါတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြားရေး။

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ခင်ဦး #တော်လှန်ဆွမ်ဆန်စိမ်း #လောင်းလှူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10