NUG အသိအမှတ်ပြု ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ အကူညီလိုအပ်နေ

NUG အသိအမှတ်ပြု ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကျေးရွာတရွာက NUG အသိအမှတ်ပြု ကိုယ်ထူကိုယ်ထစာသင်ကျောင်းမှာ စေတနာ့ဝန်ထမ်းဆရာမတွေက ပညာသင်ကြားပေးလျှက်ရှိရာ အကူအညီတွေလိုအပ်နေတယ်လို့ စေတနာ့ဝန်ထမ်းဆရာမတဦးက ပြောပါတယ်။ 

Grade -1 ကနေ Grade -8 အထိ ကျောင်းသူကျောင်းသားတွေကို စေတနာ့ဝန်ထမ်းဆရာမ တွေနဲ့ သင်ကြားပေးနေတာလို့ ဆိုပါတယ်။

”သင်ကြားပေးတဲ့ဆရာမတွေကို ထောက်ပံ့ကြေးပေးဖို့ ကျောင်းသားကျောင်းသူတွေ ဆီက တလကို ၂၀၀၀ ကောက်ရတယ် ကျောင်းသားတိုင်းတော့မရဘူးပေါ့ မပေးနိုင်တဲ့ကလေးတွေဆီကတော့မကောက်ပါဘူး ပုံနိပ်စာအုပ်ဆိုလည်းဒီလိုပဲ။ ဥပမာ Grade 1 အောင်သွားတဲ့ကျောင်းသားရဲ့စာအုပ်ကို  Grade 1 ကိုတက်လာတဲ့ကျောင်းသားက ဆက်ကိုင်ရတယ်။ အဲ့လိုလက်ဆင့်ကမ်းသွားရတာ" လို့ စေတနာ့ဝန်ထမ်းဆရာမက ပြောပါတယ်။

လစဉ်ကျောင်းသားဦးရေစာရင်းကို NUG ဝက်လက်မြို့နယ် လက်ထောက်ပညာရေးမှူးဆီကို ပေးပို့ရပြီး NUG ကထောက်ပံ့တာမျိုးတော့ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီကျောင်းကို အခုနှစ်မတ်လ ၁၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၅ ရက်အထိ ၆ လကြာ စာသင်ကြားခဲ့ပြီး ဩဂုတ်လအတွင်းမှာပဲ စာမေးပွဲ ၁ နှစ်စာဖြေဆိုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ နောက်ထပ်စာသင်နှစ်အသစ်အတွက် Grade-1 ကနေ Grade-8 အထိတက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေကို စက်တက်ဘာလ ၁ ရက် ကစကာ ပြန်လည်သင်ကြားပေးနေပြီလို့ ဆိုပါတယ်။ 

ဩဂုတ်လက Grade - 8 စာမေးပွဲဖြေဆိုပြီး ကျောင်းသူ ၂ ဦးကတော့ Grade - 9 ပညာရေးကိုသင်ကြားဖို့ အခြားရွာကျောင်းကို ပြောင်းရွှေ့ရမှာမို့  လုံခြုံရေးနဲ့ငွေကြေးအခြေအနေကြောင့် ဆက်လက်သင်ကြားနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ကျောင်းအတွက်လိုအပ်တဲ့ အသုံးစရိတ်ကို ကျောင်းသားမိဘတွေ ကျေးရွာတွေကစေတနာရှင်တွေရဲ့ထည့်ဝင်မှုနဲ့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ - Eagle Guerrilla Force  အဓိကထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။

အဲဒီကျောင်းကို အနီးဝန်းကျင်ကျေးရွာ ၄ ရွာက ကျောင်းသားကျောင်းသူတွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။

ပုံစာ - ကိုယ်ထူကိုယ်ထကျောင်းကကျောင်းသားကျောင်းသူများပညာသင်ကြားနေမှုမြင်ကွင်အချို့။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပညာရေး #ကြားကာလပညာရေး #NUG  #ကိုယ်ထူကိုယ်ထ #အကူညီလိုအပ် #ကလေးသူငယ်အခွင့်အရေး #စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10