သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းအုပ်စု ထွေအုပ်စာရေး ၁ ဦးကို အောက်တိုဘာ ၂၈ ရက်မနက် ၈ နာရီခွဲလောက်မှာပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း PPDF တပ်ဖွဲ့ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ပစ်ခတ်ခံရသူဟာ တရုတ်မှော်ရွာနေ ထွေအုပ်စာရေး အေးမင်းနိုင် ဖြစ်ပြီး မမဲကြီးရွာဘက်ကို စစ်မှုထမ်း စာရင်းလာကောက်ချိန်မှာ ကာကွယ်ရေးအဖွဲ့တွေကပစ်ခတ်ခဲ့ရာ နားထင်နဲ့ရင်အုံထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“မမဲကြီးရွာဘက်ကို စစ်မှုထမ်းစာရင်းကောက်ဖို့ ထွက်လာတာကို သတင်းကြိုတင်ရရှိထားတယ်။ စစ်မှုထမ်းကောက်တဲ့နေရာမှာ လဝက၊ မီးသတ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် အားလုံးပေါင်း ၆ ယောက်လောက်ရှိတယ်။ သူက ‘PDF ကို ဂရုမစိုက်လို့ တယောက်ထဲသွားလာနေတာကွ’ ဆိုပြီး ကြွေးကြော်ထားတဲ့သူ။ ” လို့ ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
သူ့ကြောင့်ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၀ ဦးနဲ့အထက်ရှိပြီး စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းကာ စစ်မှုထမ်းဖို့အတွက် လူအင်အားစုဆောင်းပေးတာ၊ စစ်မှုမထမ်းချင်သူတွေကို ငွေတောင်းပြီး စစ်ကောင်စီကိုထောက်ပံ့ပေးတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နှိမ်နှင်းဖို့အတွက်လည်း ကိုယ်တိုင်ဦးဆောင်ပြီး ပျူစောထီးအဖွဲ့ကို ဖွဲ့စည်းထားသူဖြစ်တယ်လို့ ဆိုပါတယ်။
အေးမင်းနိုင်ဆီကနေ စစ်ကောင်စီဗိုလ်မှူး၊ ဗိုလ်ကြီးတွေနဲ့ ဆက်သွယ်ထားတဲ့ လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ်ငါးသောင်း၊ စစ်မှုထမ်းစုဆောင်းထားတဲ့ စာရွက်စာတမ်းတွေနဲ့ ပျုစောထီးဖွဲ့စည်းထားတဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ရောက်လာပြီး ကျေးရွာလမ်းတချို့ကို ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
PPDF တပ်ရင်းအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပက်သတ်သူတွေကို ပစ်ခတ်ရှင်းလင်းတာ ၃ ဦးခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီအတွက်အကျိုးဖြစ်စေတဲ့ ဘယ်လိုထောက်တိုင်တွေကိုမဆို ပြတ်ပြတ်သားသား အရေးယူသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
အောက်တိုဘာ ၂၂ ရက်ကလည်း ပေါင်းတည်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ၃၆၀၁ တပ်ရင်း PPDF တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပုံစာ - အေးမင်းနိုင်အလောင်းနှင့် ၎င်းထံမှ သိမ်းဆည်းရရှိသော ပျုစောထီးဖွဲ့စည်းထားသည့် စာရွက်စာတမ်းများ။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ရွှေတောင် #ထွေအုပ်စာရေး #ရှင်းလင်းခံရ
Share Share Share