PDF ကို မြေပဲထောက်ပံ့ရင်း စစ်ကောင်စီကို ဆန္ဒဖော်ထုတ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ PDF ရဲဘော်တွေ စားနပ်ရိက္ခာဖူလုံဖို့ မြေပဲသီးနှံတွေကို ထောက်ပံ့ရင်း စစ်ကောင်စီကို ဆန္ဒဖော်ထုတ်တဲ့ သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြတယ်လို့ ပခုက္ကူခရိုင် ၊ အမှတ် ၆ တပ်ရင်း၊ Myaing Villages Revolution Front - MRVF အတွင်းရေးမှူး ကိုတင့်ဆီက သိရပါတယ်။

အဲ့ဒီ ထောက်ပို့သပိတ်စစ်ကြောင်းကိုတော့ မြိုင်နယ်ကျေးရွာတရွာမှ ပြည်သူတွေက နိုဝင်ဘာ ၂၈ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ ပြုလုပ်ခဲ့ကြတာပါ။

အခုလို ထောက်ပံ့တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်က ၄၅ တင်းနဲ့ အခုအကြိမ်မှာတော့ ၇၅ တင်းကျော်ရရှိခဲ့ကာ မြေပဲဆီပိဿာ ၁၀၀ ဝန်းကျင်ကြိတ်ယူ ရရှိခဲ့တယ်လို့ ကိုတင့်က ဆက်ပြောပါတယ်။

အခုလို စိုက်ပျိုးထောက်ပံ့နေတဲ့ ကျေးရွာပေါင်း ၂၀ ဝန်းကျင်ရှိပြီး ကျေးရွာအလိုက် ပအဖ၊ ပကဖ တွေကလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

မြိုင်နယ်ဘက်မှာတော့ ကျေးလက်နေပြည်သူတွေအနေနဲ့ တပ်ရင်းကိုထောက်ပံ့ပေးနေကြသလို တပ်ရင်းတပ်ဖွဲ့ဘက်ကလည်း မြို့နယ်၊ ကျေးရွာမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့တိုင်ပင်ဆွေဆွေးပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပူပေါင်းလုပ်ကိုင်နေကြတာပါ။

ထောက်ပံ့ရေးသပိတ်ချီတက်ရာ လမ်းတလျှောက်မှာတော့ မြိုင်နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီ ဦးဆောင်မှုနဲ့ "စစ်အာဏာရှင်အလိုမရှိ၊ စစ်သားနဲ့ရဲ ဝန်ထမ်းတွေပြည်သူ့ရင်ခွင်ခိုလှုံကြ၊ CDM တွေအမြန်ဆုံးပြုလုပ်ကြ" ဆိုပြီး ဆန္ဒဖော်ထုတ် ခဲ့ကြသေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #မကွေးတိုင်း #ပခုက္ကူ #မြိုင်မြို့နယ် #ထောက်ပို့ #PDF #MRVF #စိုက်ပျိုးရေး #လူထုလှုပ်ရှားမှု #သပိတ်စစ်ကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10