PDF စခန်းတွေ့ရင် ကျပ်သိန်း ၅၀ ပေးမယ်ဆိုလို့ လိုက်ရှာတဲ့ ပျူစောထီးဆိုသူ ပစ်သတ်ခံရ

PDF စခန်းတွေ့ရင် ကျပ်သိန်း ၅၀ ပေးမယ်ဆိုလို့ လိုက်ရှာတဲ့ ပျူစောထီးဆိုသူ ပစ်သတ်ခံရ

ပဲခူးရိုးမထဲက PDF စခန်းတွေ့ပါက ကျပ်သိန်း ၅၀ ပေးမယ်ဆိုလို့ လိုက်ရှာတဲ့ ပျူစောထီးဆိုသူတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့  တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၂၊ ပဲခူးရိုးမ (BTZM GBK PDF) က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ ပျူစောထီးဆိုသူမှာ ဇီးကုန်းမြို့နယ်အရှေ့ဘက်၊ ဘော်ဘင်ရွာက အသက် ၃၅ နှစ် အရွယ် မှေးကြီးဖြစ်ပြီး ဇွန် ၁၁ ရက် ညနေ ၃ နာရီလောက်က စခန်းတခုရဲ့ နောက်ဘက်တနေရာမှာ ကင်းအဖွဲ့က ဖမ်းဆီးမေးမြန်း ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“ဘော်ပင်ရွာ ပျူစောထီးအဖွဲ့က သိန်း ၅၀ ပေးမယ်ဆိုလို့ လိုက်ရှာတာတဲ့။ စခန်းကိုတိတိကျကျ သိရရင် ပျူစောထီးနဲ့ စစ်ကောင်စီတပ် ပေါင်းပြီး စခန်းတွေကို အပြတ်ချေမှုန်းဖို့ ကြိုးစားနေတာတဲ့“ လို့ BTZM GBK PDF ရဲ့ တပ်ခွဲမှူး ရဲဘော်တေဇမင်းက ပြောပါတယ်။

ဇွန် ၁၃ ရက် ဒီမနက်အထိ မှေးကြီးရဲ့ အလောင်းဟာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ နေရာမှာရှိနေသေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဇီးကုန်းမြို့နဲ့ နယ်မြေဆက်စပ်နေတဲ့ ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ်ထဲက ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင် ဖြည့်တင်းထားပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ တော်လှန်ရေး ရဲဘော်တွေဆီက သိရပါတယ်။

ဇီးကုန်းမြို့နယ်ဟာ ကြံ့ခိုင်ရေးပါတီ အားကောင်းပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲက မြို့နယ်အတွင်းက မဲဆန္ဒနယ်မြေတွေမှာ NLD ပါတီကို အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ပုံစာ - သေဆုံးသူ မှေးကြီးအလောင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးရိုးမ #PDF #ပျူစောထီး #BTZM #GBK

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10