PDF စိုးမိုးနယ်မြေရှိ ရေဘေးသင့်ကျေးရွာ ၅ ရွာကို ရိက္ခာထောက်ပံ့ (Photo news)

PDF စိုးမိုးနယ်မြေရှိ ရေဘေးသင့်ကျေးရွာ ၅ ရွာကို ရိက္ခာထောက်ပံ့ (Photo news)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နဲ့ ကျောက်တံခါးမြို့နယ်က ရေဘေးသင့်ကျေးရွာ ၅ ရွာကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း 3702 ဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၇ ရက်ကနေ စက်တင်ဘာ ၂၀ ရက်။ ဒီနေ့အထိ အဆိုပါကျေးရွာတွေက အိမ်ထောင်စု ၄၀၀ ကျော်ကို ခေါက်ဆွဲခြောက်နဲ့ ဆေးဝါးတွေထောက်ပံ့ပေးခဲ့တာလို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း 3702 အဖွဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ခုထောက်ပံ့ခဲ့တဲ့ကျေးရွာတွေဟာ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း 3702 တပ်ဖွဲ့စိုးမိုးထားတဲ့ ကျေးရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီထောက်ပံ့မှုမှာ အလှူရှင်လှူဒါန်းတဲ့ငွေကြေးတွေလည်းပါဝင်ပြီး စုစုပေါင်းကျေးရွာ ၃၀ ကျော်ကို ထောက်ပံ့နိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #ကျောက်တံခါး #ရေဘေးသင့် #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10