PDF ဆီ CDM ဝင်သွားတဲ့ ဆင်ဦးစီးတွေနဲ့ ဆင်၁၃ကောင် ပြန်ရဖို့ စစ်ကောင်စီကြိုးစား (ရုပ်/သံ)

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် PDF တွေဆီကို အသီးသီး CDM ဝင်သွားတဲ့ ဆင်ဦးစီးမိသားစုဝင် ၄၀ လောက်နဲ့ ဆင် ၁၃ ကောင်ကို ပြန်ရဖို့ စစ်ကောင်စီကြိုးစားနေပါတယ်။

ပဲခူးရိုးမအစပ်က ဆင်စခန်းတွေမှာကျန်နေတဲ့ ဆင်ဦးစီးတွေနဲ့ ဆင်တွေကိုလည်း နတ်တလင်းမြို့နယ်ကနေ ဇီးကုန်းမြို့ကို ခေါ်သွားခဲ့ပါတယ်။

ဆင်ဦးစီးတွေနဲ့ ဆင်တွေကို ထိန်းသိမ်းထားတဲ့ PDF တွေကိုတိုက်ခိုက်ဖို့ အခုလ ၁၂ ရက်ကတည်းက စစ်ကြောင်းတွေပြင်ဆင်ထားပြီး ဒီနေ့မနက်အထိတော့ စစ်ကြောင်းလှုပ်ရှားမှုမရှိသေးပါဘူး။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မြေလတ်သတင်း #ဆင် #ဆင်ဦးစီး #CDM #စစ်ကောင်စီ #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10