PDF တွေပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ရက် ၁၀၀၀ ပြည့် ဆီမီးသပိတ်

PDF တွေပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ရက် ၁၀၀၀ ပြည့် ဆီမီးသပိတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ အောက်တိုဘာ ၂၈ ရက်က စစ်အာဏာသိမ်းမှု ရက် ၁၀၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဆီးမီးသပိတ်ပြုလုပ်ခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

မနေ့ည ၆ နာရီခွဲလောက်က တောတွင်းစခန်းတနေရာမှာ ဆိပ်ဖြူဘာမထီအဖွဲ့နဲ့ ဆိပ်ဖြူဗိုလ်မထားအဖွဲ့မှ ရဲဘော်ရဲမေတွေက ဆီမီးသပိတ်ကို ပြုလုပ်ခဲ့ကြတာပါ။ 

"အွန်လိုင်းပေါ်မှာ ဂယက်မျိုးစုံဖြစ်နေကြတယ်။ ဒါတွေကို စိတ်ဝင်စားပြီး ပြည်သူတွေ သွေးအေးသွားမှာစိုးတယ်။ တော်လှန်ရေးမှာ သွေးအေးမသွားဖို့ ဆီးမီးသပိတ်ပြုလုပ်ခဲ့တာပါ" လို့ ဆိပ်ဖြူဘာမထီအဖွဲ့မှ သတင်းတာဝန်ခံ ရဲဘော်တဦးက မြေလတ်အသံကိုပြောပါတယ်။ 

ဆီးမီးသပိတ်ပြုလုပ်ရာမှာ စုစုပေါင်း ရဲဘော်ရဲမေ ၁၀ ဦးနဲ့ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

#မြေလတ်အသံ 

#ဆိပ်ဖြူ #ဆိပ်ဖြူဘာမထီ #ဆိပ်ဖြူဗိုလ်မထား #ဆီမီးသပိတ် #သတင်း #သပိတ် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10