PDF ဒရုန်းသင်တန်းလုပ်တဲ့နေရာ ဗုံးကြဲခံရလို့ PDF ၃ ဦးအပါ ၆ ဦးသေဆုံး

PDF ဒရုန်းသင်တန်းလုပ်တဲ့နေရာ ဗုံးကြဲခံရလို့ PDF ၃ ဦးအပါ ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာစာသင်ကျောင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ဒရုန်းသင်တန်းပြုလုပ်နေချိန် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၁ ရက် ဒီနေ့လယ် ၂ နာရီကျော်လောက်မှာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ပေါင် ၅၀၀ ဗုံးသီး ၄ လုံးနဲ့  ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဒေသခံ ၃ ဦးသေဆုံးကာ ထိခိုက်သူတွေလည်းတယ်လို့ ဆိုပါတယ်။ 

“အခုလောလောဆယ်တော့ ၆ ယောက်ပဲ အတည်ပြုလို့ရသေးတယ်။ တချို့က ခေါင်းတွေတောင် မပါတော့ဘူး။ သေဆုံးတဲ့လူတွေထဲမှာ ၃ ယောက်က ခေါင်းတွေပွင့်သွားတယ်” လို့ ဒီပဲယင်းဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် နေအိမ်အချို့နဲ့ စာသင်ကျောင်းလည်း ပျက်စီးမှုရှိခဲ့ကာ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်ကလည်း ဒီပဲယင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေပျံ့ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက ဂျက်ဖိုက်တာနဲ့ ဒီပဲယင်းမြို့အနီး အင်းတန်းကျေးရွာတောင်ဘက်ကို ဗုံး ၁၂ လုံးနီးပါး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #မန်းကျည်းအုပ်ကျေးရွာ #PDF #ဒရုန်းသင်တန်း #စစ်ကောင်စီ #ဗုံးကြဲ #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10